အမြင့်ဆုံး တိမ်တိုက်တွေလည်း
လေပြင်းတိုက်ရင် လွင့်ပါးပျောက်ကွယ်
သွားကြတာပဲ
အအောင်မြင်ဆုံး လူသားတွေလည်း
သေမင်းနဲ့တွေ့ရင် ဒူးထောက်လိုက်ရတာပဲ
အကြီးမားဆုံး ပင်လယ်သမုဒ္ဒရာတွေလည်း
မုန်းတိုင်းနဲ့တွေ့ရင် ခဏတာတော့
အကြည်းတန်သွားရတာပဲ
ကမ္ဘာ့အချောမောအလှပဆုံး လူသားတွေလည်း
ဇရာထောင်းလာရင် အလှတရားကို
အရှုံးပေးလိုက်ရတာပဲ
ဘယ်အရာမှ လောကကြီးမှာ
တည်မြဲနေတယ်ဆိုတာ မရှိသလို
ဘယ်အရာမှလည်း အင်အားအကြီးမားဆုံးဆိုတာ
မရှိပါဘူး
မမြဲခြင်းတရားမှာ
အရာအားလုံးက အချိန်တန်တော့
မြူ မှုန်လေးလို ပျောက်ကွယ်သွားရတာက
နိယာမတစ်ခုလိုပါပဲ