မင်းကောင်းတိုင်း သူပြန်ကောင်းလိမ့်မယ်လို့
မျှော်လင့်မနေပါနဲ့ ။
မင်းဘက်က ပေးစရာမကျန်အောင် ပေးဆပ်နေပေမယ့်
သူ့ဘက်က ပြန်သိတတ်လိမ့်မယ်လို့
မျှော်လင့်မနေပါနဲ့ ။
မင်းဘက်က အကောင်းဆုံး လမ်းပြအကြံဥာဏ်ပေးတိုင်း သူ့ဘက်က လမ်းမှန်လျှောက်သွားလိမ့်မယ်လို့
မျှော်လင့်မနေပါနဲ့ ။
မင်းဘက်က သစ္စာစောင့်သိတိုင်း
သူ့ဘက်က သစ္စာစောင့်ထိန်းသင့်တယ်လို့
မျှော်လင့်မနေပါနဲ့ ။
ဘယ်အရာမှာမဆို လုပ်ပေးသင့်လို့ ၊ ပေးဆပ်သင့်လို့
စောင့်ထိန်းသင့်လို့ စောင့်ထိန်းပြီးရင်
ကိုယ့်လို သူ့ဘက်က ပြန်ရလိမ့်မယ်လို့
ဘယ်တော့မှ မမျှော်လင့်လိုက်ပါနဲ့။
လုပ်ပေးစရာရှိတာလုပ်ပေးပြီးရင် ကိုယ့်စိတ်ကို
ဖြေသာအောင် အကောင်းဆုံး ပြင်ဆင်ထားတာက
ကိုယ့်စေတနာလည်း အရောင်တောက်လာသလို
တဖက်ကိုလည်း ဖိအားပေးမိသလို မဖြစ်တော့ဘူး။
တချို့အရာတွေက မျှော်လင့်ချက် ထားမိလိုက်မှ
ပိုဆုံးရှုံးသွားတတ်သလို မျှော်လင့်ချက် တစုံတရာမရှိမှ
ပြန်လည် အကျိုးပေးနေတာတွေလည်း ရှိနေတတ်တယ်။
ဘာကိုပဲဖြစ်ဖြစ် အကောင်းဆုံး ပေးဆပ်ပြီးရင်
မျှော်လင့်မထားတာက ကိုယ့်နှလုံးသားကို
ဒဏ်ရာမရအောင် ကြိုတင်ကာကွယ်ထားခြင်း
တစ်မျိုးပါ