ငယ်စဥ်ကလေးဘဝတုန်းက အဖေက ဒီပံုပြင်လေးကို ပြောပြခဲ့ဖူးပါတယ်။ အခုခေတ်ကလေးတွေမှာ ဒီပံုပြင်ကို ကြားဖူးကြသူ နည်းမယ်လို့ ထင်ပါတယ်။
(နောက်ပိုင်းမှ အဖေပြောတဲ့ ပံုပြင်ဟာ ကမာ္ဘကျော် အီစွတ်ပံုပြင်များထဲကဆိုတာ သိရတယ်)။ အဖေပြောပြတဲ့ ပံုပြင်လေးက ဒီလိုပါ။
Photo - google
တစ်ခါမှာ လေမင်းနဲ့ နေမင်းတို့ဟာ ဘယ်သူက ပိုပြီးအားကြီးတယ်ဆိုတာကို အငြင်းအခံု ဖြစ်ကြတယ်။
လေမင်းက သူ့ရဲ့ စွမ်းအားနဲ့ မုန်တိုင်းကြီး တိုက်ခတ်အောင် လုပ်ပြလိုက်တယ်။ လေပြင်းဒဏ်ကြောင့် မြေပြင်က အိမ်တွေ လဲပြိုကုန်ကြတယ်။
ကားတွေ ဂျွမ်းထိုးမှောက်ခံု ဖြစ်သွားကြတယ်။ ပင်လယ်က သငေ်္ဘာတွေ လှေတွေ ရေထဲမှာ နစ်မြုပ်ကုန်ကြတယ်။
ဒါကို မြင်တဲ့ နေမင်းက လေမင်းကို အားကြီးပါပေတယ်လို့ ချီးကျူးပါတယ်။
ဒါပေမဲ့ သူ့ကို (နေမင်းကို) တော့ နိုင်မှာ မဟုတ်ပါဘူးလို့လည်း ပြောလိုက်တယ်။ လေမင်းက မခံချင်စိတ်ဖြစ်လာလို့ သူတို့ပြိုင်ကြမယ်လို့ နေမင်းကို စိန်ခေါ်လိုက်တယ်။ နေမင်းက သဘောတူပြီး ခုလို ပြောလိုက်တယ်။
- "အောက်က ကွင်းပြင်ကြီးထဲမှာ လူတစ်ယောက် လမ်းလှေျာက်နေတယ်။
သူ ဝတ်ထားတဲ့ ကုတ်အကျႌကို ကျွတ်ထွက်သွားအောင် အားပြိုင်ကြမယ်"
လေမင်းက လေပြင်းတိုက်ခတ်လိုက်တယ်။ အဲဒီလူဟာ သူ့ကုတ်ကျႌကို ကျွတ်သွားမှာစိုးလို့ လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။
လေမင်းက လေကို အပြင်းဆံုးတိုက်ခတ်လိုက်တယ်။
ဒီလူက ကုတ်အင်္ကီျကို ပိုပြီး တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။
လေကို အပြင်းဆံုး တိုက်ခတ်ပေမယ့်လည်း လူက ကုတ်အင်္ကီျကို မလွတ်ရအောင် ဆုပ်ကိုင်ထားလို့ အကျႌမကျွတ်ပါဘူး။
နောက်ဆံုးမှာ လေမင်းက လက်လှေျာ့လိုက်ပါတယ်။
နေမင်းက နေပူရှိန်ကို တဖြည်းဖြည်း မြင့်လိုက်တယ်။
အဲဒီလူဟာ ပူအိုက်လာလို့ ကုတ်အကျီကို လေရအောင် လှစ်ဟလိုက်တယ်။
တဖြည်းဖြည်း ပူလာလို့ အဲဒီလူဟာ အပူဒဏ်ကို မခံနိုင်တော့တာကြောင့် သူ့ကုတ်အကျႌကို ချွတ်ပစ်လိုက်တယ်။
နေမင်းဟာ ပြိုင်ပွဲ အနှိုင်ရသွားတယ်။
အဖေက ပံုပြင်ပြောပြလို့ ပြီးသွားတော့ ခုလို ထပ်ပြောလိုက်တယ်။
ဒီစကားကို ကျွန်တော် တစ်သက် မမေ့ပါဘူး။
- "ငါ့သား လောကမှာ ခွန်အားကြီးလို့၊ ငွေကြေးချမ်းသာလို့ဆိုပြီး ကိုယ်လိုချင်တာ လုုပ်လို့ မရတာတွေ ရှိတယ်။
အဲဒါတွေကို လုပ်နိုင်ဖို့ ဦနှောက်ဉာဏ်သံုးတတ်ရတယ်။
အဲဒီလို ဦးနှောက်ဉာဏ်သံုးတတ်ဖို့ မင်း ပညာတတ်အောင် လုပ်ပါ" တဲ့။
အဖေ့စကားအတိုင်း ကျွန်တော့်ဘဝတစ်သက်တာမှာ အလုပ်လုပ်ရင် ခွန်အားသံုးတာ အာဏာပါဝါပြတာထက် ဉာဏ်သံုးပြီး လုပ်ခဲ့ပါတယ်။
ဥပမာ လုပ်ငန်းခွင်ထဲမှာ ကျွန်တော်ဖြစ်စေချင်တာကို ဝန်ထမ်းတွေကို အော်ဟစ်ကြိမ်းမောင်း လုပ်ခိုင်းပါတယ်။
သူတို့ဟာ ကျွန်တော့်ကို ကြောက်လို့သာ ခိုင်းတဲ့အလုပ်ကို လုပ်ကြတယ်။
Photo google
သူတို့စိတ်ထဲမှာ မကျေနပ်ကြဘူး။ အလုပ်ပြီးသွားတယ်။
ဒါပေမဲ့ ကျေနပ်ဖွယ်ရာ အလုပ် ဖြစ်မလာပါဘူး။ နောက်နေ့မှာ ကျွန်တော်က သူတို့ကို ချိုချိုသာသာ ပြေပြေပြစ်ပြစ် ပြောပြပြီး အဲဒီအလုပ်ကိုပဲ ပြန်လုပ်ခိုင်းပါတယ်။
အံ့သြဖွယ်ရာပါပဲ။
သူတို့ဟာ အလုပ်ကို အကောင်းဆံုး လုပ်ပြလိုက်ကြတယ်။