ခေါင်းစဥ်ကိုတော့ မိမိ ဘ၀ကို ရှာဖွေနည်းလို ့ပေးထားပါတယ်။ အဓိက ရေးမှာကတော့ လူငယ်တွေ မိမိ ဘ၀ရဲ ့ဦးတည်ချက်ကဘာလဲ၊ မိမိ အနေနဲ ့ဘယ်ဘ၀၊ ဘယ် professional ကို ပိုင်ဆိုင်ချင်တာလဲ ဆိုတာကို ရေးသွားမှာပါ။
photo - google
ကျွန်တော်တို ့လူတော်တော်များများဟာ ကြံုရာနေရာမှာ ကျရာတာ၀န်ကို ထမ်းဆောင်နေကြပါတယ်။ အဲ့ဒီအတွက်လည်း တစ်ခါတလေ မိမိ လုပ်နေရတာကို မပျော်တာ၊ အလုပ်ခွင်စိတ်ကျေနပ်မှု မရှိတာတွေ ဖြစ်လာတတ်ပါတယ်။ ဘ၀မှာလည်း တစ်ခါတလေ အဓိပ္ပါယ်မဲ့ သလို ခံစားရတတ်ပါတယ်။ ဒါကြောင့် တစ်ခါတရံ ကိုယ့်ကိုကိုယ် ပြန်လည် သံုးသပ်ပြီး ကိုယ့် ရဲ ့ ဘ၀ကို ပြောင်းလဲ သင့် ပြောင်းလဲ ရပါမယ်။ ဒါပေမယ့် နေရာတစ်ခု မှာ အထိုင်ကျနေတဲ့ သူအတွက်တော့ ပြောင်းလဲ ဖို ့ရာ အရမ်းကြီး မတိုက်တွန်းလိုပါ။ ဘာလို ့လဲဆိုတော့ သင့်ကို မှီခိုနေတဲ့ မိသားစုတွေ ရှိနိုင်ပါသေးတယ်။
လူငယ်တွေအတွက်ကတော့ ဘ၀ ခရီး မစခင်မှာ ကိုယ့် ဘ၀ကို ရှာဖွေ တတ်စေချင်ပါတယ်။ ဒါဆိုလှျင်တော့ ဘ၀မှာ ပိုပြီးအောင်မြင်တဲ့လူ၊ အဓိပ္ပါယ်ပြည့်စံုတဲ့သူတွေ ဖြစ်လာမှာပါ။ ဒါဆိုလှျင် ဘယ်လို ရှာဖွေကြမလဲ။ အောက်မှာ ဆက်ဖတ်ကြည့်ပါခင်ဗျာ။
- သင့်ရဲအပျော်ရွှင်ဆံုး အချိန်တွေကို ပြန်လည် စဥ်းစားသံုးသပ်ပါ။
သင့်ကိုသင် ဘယ်လို မျိုး အချိန်မှာ ပျော်ရွှင်လဲ၊ ဘ၀ကို တန်ဖိုးရှိတယ်လို ့ထင်လဲဆိုတာကို ရိုးရိုးသားသား သံုးသပ်ကြည့်ပါ။ လူတွေနဲ ့ဆက်ဆံပြီး လူတွေရဲ ့အခက်အခဲတွေ ဖြေရှင်းရတာကို ပျော်လား၊ ကျေနပ်လား။ ဒါမှ မဟုတ် ကွန်ပြူတာ တစ်လံုးနဲ ့ပဲ အလုပ်ရှုပ်နေရတာကို ဘ၀ခံယူလား၊ စီးပွားရေး လုပ်ငန်းတွေ အကြောင်းဖတ်နေရတာ၊ စဥ်းစားနေရတာ ကို သဘောကျလား။
လူတွေနဲ ့ဆက်ဆံရတာကို ပျော်တယ်၊ ကျေနပ်တယ်ဆိုယင်တော့ customer service လို အလုပ်မျိုး ကို ရွေးချယ်သင့်ပါတယ်။ ကွန်ပြူတာ နဲ ့ပဲ ပျော်တယ်ဆိုလှျင်တော့ IT လိုင်းလို မျိုး စဥ်းစားပေ့ါ။
- သင့် ပင်ကိုဗီဇ ကျွမ်းကျင်မှုကို သံုးသပ်ပါ။
လူတိုင်းမှာ ပင်ကို ဗီဇ အရ ကျွမ်းကျင်တဲ့ အရာတွေ ရှိပါတယ်။ သင်တန်းတွေတက်၊ စာတွေ သင်လို ့ကျွမ်းကျင်လာတာ မဟုတ်ပဲ ပင်ကို အရကို ကျွမ်းကျင်နေတဲ ့အရာမျိုးပေ့ါ။
လူတစ်ယောက်နဲ ့တစ်ယောက် မတူပါဘူး။ ကျွန်တော်ဆိုလှျင် ရှုပ်ထွေးတဲ့ data တွေထဲကနေ အဖြေကို ရှာဖွေရတာ၊ data တွေကို ရှင်းလင်းရတာကို ကျွမ်းကျင်ပါတယ်။ အဖြေကို လွယ်လွယ်ကူကူနဲ ့ရှာဖွေတတ်ပါတယ်။ (ပင်ကို ဗီဇ အရ data တွေကို အလိုအလျောက် သိလာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရှုပ်အထွေးတွေကို ရှင်းတဲ့ အချိန်မှာ နားလည် လွယ်တယ်၊ အဖြေကို စဥ်းစားတတ်တာ မြန်တယ် ကို ဆိုလိုတာပါ)
အချို ့လူတွေဆိုလှျင် ဒီဇိုင်းလေးတွေ ကို စဥ်းစားတတ်တာ၊ အ၀တ်အစား အရောင်စပ်တာ ကို ကျွမ်းကျင်ပါတယ်။ အချိို ့လူတွေကတော့ စိတ်ကူးစိတ်သန်းကောင်းလေးတွေ အမြဲ ထွက်ပေါ်နေတတ်တယ်။။
အဲ့ဒီလို ပင်ကို ဗီဇ အရ ကျွမ်းကျင်တဲ့ အရာတွေကို အခြေခံတဲ့ အလုပ်အကိုင်မျိုးကို ဘ၀ အတွက် ရွေးချယ်လိုက်ယင် သင့်အတွက် ပိုပြီး အောင်မြင်မှု ရရှိနိုင်ပါတယ်။
- သင့်ကို စိတ်ဓါတ် ခွန်းအားပေးစွမ်းနိုင်သော အရာများကို သံုးသပ်ပါ။
လူတစ်ဦးချင်ဆီမှာ အားကျရတဲ့ သူ၊ စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ သူတွေ ရှိပါတယ်။ အဲ့ဒီလို သင့်ကို စိတ်ခွန်အား ပေးစွမ်းနို်င်တဲ့သူ သံုးယောက်ကို ချရေးလိုက်ပါ။ ပြီးလှျင် သူတို ့ဆီမှာ ရှိတဲ့ (လူတွေကလည်း အသိအမှတ်ပြုထားတဲ့) လုပ်ဆောင်ချက်တွေကို ချရေးလိုက်ပါ။ ပြီးလှျင်တော့ အဲ့ဒီ သူတွေရဲ ့ လုပ်ဆောင်ချက်တွေက သင့်ကို ဘယ်လို စိတ်ခွန်အား ပေးလဲ ဆိုတာကို လေ့လာသံုးသပ်ပါ။ နောက်ဆံုးအနေနဲ ့တော့ အဲဒီ လုပ်ဆောင်ချက်တွေဟာ သင်ရော လုပ်ချင်တဲ့ အရာတွေလားဆိုတာကို ထပ်မံလေ့လာကြည့်ပါ။ တော်တော်များများအရာတွေဟာ သင်လုပ်ချင်တဲ့ အရာတွေ ဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့်လည်း သူတို ့ရဲ ့အောင်မြင်မှုတွေက သင့်ကို စိတ်ခွန်အားတတ်ကြွနေစေတာပေ့ါ။
photo - google
- သင့်ကို အခြားသူတွေ ဘယ်အချိန်မှာ လိုအပ်လဲ ဆိုတာကို လေ့လာသံုးသပ်ပါ။
တစ်ခါတရ ံ သင့်ရဲ ့ကျွမ်းကျင်မှု၊ အားသာမှု ကို သင်ကိုယ်တိုင် သတိမထားဖြစ်တာ ရှိတတ်ပါတယ်။ ဒါပေမယ့် သင့် ပတ်၀န်းကျင်မှာ ရှိတဲ့ အခြားသူတွေက ဒါကို သတိထားမိပါတယ်။ အဲ့ဒီလို သတိထားမိပြီး သူတို ့လိုအပ်တဲ့ အချိန်မှာ သင့်ကို အကူအညီတောင်းပါလိ့မ်မယ်။ သူတို ့အကူအညီတောင်းတဲ့ အရာဟာ သင့်ရဲ ့ကျွမ်းကျင်ရာ၊ အားသာရာ ဖြစ်ဖို ့များပါတယ်။