မိန်းမတွေဟာ ယောက်ျားတွေ အတွက် အင်္ကျီနဲ့ တူတယ်။ မဝတ်ထားလည်း ဘာမှ မဖြစ်ဘူး။ လူကြားထဲ သွားရင်တော့ ဝတ်သွားတာက ပိုတင့်တယ်တယ်။
ရည်းစား ထားတယ် ဆိုတာ အကျီ မဝယ်ခင် fitting room ထဲမှာ သွားဝတ်ကြည့် နေတာနဲ့ တူတယ်။ ဝတ်ကြည့်လို့ မကြိုက်ရင် ပြန်ချွတ်ထား ခဲ့လို့ ရတယ်။ မိန်းမ ယူတာကတော့ အင်္ကျီကို အပိုင် ဝယ်လိုက်တာနဲ့ တူတယ်။
တစ်ချို့ မိန်းမတွေက ဘရန်းဒက် အကောင်းစား အင်္ကျီ လိုပဲ။ သာမန်လူတွေ မဝယ်နိုင်ဘူး။ မင်းစိုးရာဇာ သူဌေး သူကြွယ်နဲ့ လူကုံထံတွေပဲ တတ်နိုင်တယ်။
တစ်ချို့ မိန်းမတွေက မြင်းခေါင်း စွပ်ကျယ်နဲ့ တူတယ်။ ဝတ်ထားချိန်မှာ ပေါ့ပါး လွတ်လပ်ပြီး သက်တောင့် သက်သာ ရှိတယ်။ လူတိုင်းလည်း ဝယ်နိုင်တယ်။ ဒါပေမယ့် ပွဲလမ်းသဘင် ဝတ်သွားလို့ မတင့်တယ်ဘူး။
တစ်ချို့ မိန်းမတွေ ကျတော့ ပါကင်ပိတ် ထားတဲ့ ရှပ်အင်္ကျီ တွေလိုပဲ။ စမ်းဝတ်လို့ မရဘူး။ ကိုယ့်ဆိုဒ်နဲ့ တော်မယ် ထင်တာ မှန်းပြီး အပိုင် ဝယ်ရတာ။ ဝယ်ပြီးမှ အနာအဆာ ပါလာတာတို့၊ ကိုယ်နဲ့ မကိုက်တာတို့ ဆိုလည်း ပြန်လဲလို့ မရဘူး။ ကြိတ်မှိတ်ခံပဲ။
တစ်ချို့ မိန်းမတွေက လေဘေးထည်နဲ့ တူတယ်။ သူများ ဝတ်ပြီးသားတွေ။ ဈေးလည်း ပေါတယ်။ ဒါပေမယ့် ရွေးတတ်ရင် တခါတရံ ဘရန်းဒက် အကောင်းစားတွေ ရနိုင်တယ်။
ကိုယ့်မှာ အင်္ကျီ အပိုင် မရှိတဲ့အခါ သူများအင်္ကျီ ငှါးဝတ် သလိုမျိုး လိုအပ်တဲ့ အချိန်မှာ တန်ရာ တန်ကြေးနဲ့ ခဏငှါးလို့ ရတဲ့ မိန်းမတွေလည်း ရှိတယ်။
အင်္ကျီတွေဟာ ခန္ဓာကိုယ် အတွက် နွေးထွေး လုံခြုံမှုကို ပေးနိုင်ပေမယ့် တခါတရံတော့ ပူအိုက်စေနိုင် သလိုမျိုး မိန်းမတွေ ဟာလည်း တခါတရံမှာ စိတ်အိုက် စရာတွေ ဖန်တီးတတ်တယ်။