''ပြည်ပရန်ကိုငါတို့ က ကာကွယ်နေရတာ ''
''ဟုတ်ပါပြီ အဲ့ဒိတော့ဘာဖြစ်တုန်း''
''တပ်မတော်ဘယ်လောက်အရေးပါလဲ မသိဘူးလား''
''ဟုတ်တယ်လေ ပြည်ပရန်ကို ကာကွယ်ရမယ် ပြည်တွင်းသောင်းကျန်းသူကို နှိမ်နင်း ရမယ် အဲ့ဒါသိပ်အရေးကြီးတာပေါ့''
''အေး အဲ့လိုသိရင် ဘာကြောင့် တပ်မတော်ကို လိုက်ပြီး ပြသနာ ရှာနေတာလဲ''
'ခင်ဗျား စဉ်းစား ဒီနိုငိငံမှာ အစိုးရမရှိသေးဘူး
လို့ စဉ်းစားကြည့်လိုက်
ပြည်သူဟာ သူတို့ လိုအပ်ချက်အတွက် ပြည်သူချင်း စုရုံးပြီး အုပ်ချုပ်မယ့် အဖွဲ့ တစ်ခုကို
ဖွဲ့ မယ်
ပညာသင်ဖို့ လိုအပ်လို့ ..
ပညာသင်ကြားရေးအဖွဲ့ ...
ဆေးကုသဖို့ လိုအပ်လို့ ..
ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ 
ဟော... ပြသနာတတ်ခဲ့ရင် ဖြေရှင်းပေးမယ့် တရားရေးအဖွဲ့ 
ဒီလို အဖွဲ့ တွေဖွဲ့ တယ်ဗျာ...
အဲ့ဒိအဖွဲ့ တွေကို ပြန်ပြီးပေါင်းစည်း ကွပ်ကဲဖို့  ဥက္ကဋ္ဌ တစ်ယောက်ခန့် တယ်... ပြည်သူကခန့် တာနော်
လိုအပ်လိုခန့် တာ...
ကိုယ့်သဘောနဲ့ ကိုယ်တတ်လုပ်တာ မဟုတ်ဘူး တတ်လုပ်လို့ မရဘူး...
ဘာကြောင့်လဲဆိုတော့ သူတို့ အလုပ် တွေအတွက် သုံးစွဲဖို့ ငွေကြေးလိုမယ်
အဲ့ငွေကိုအိပ်စိုက်လုပ်စရာမလိုဘူး
ပြည်သူကပေးတယ်....
သူတို့ ကိုအလကားမခိုင်းဘူး
လစာပေးထားတယ်...
အဲ့ဒိအထိရှင်းလား...
ပြည်သူက ကိုယ့်ကိုယ်အုပ်ချုပ်မယ့်သူ sorry... အုပ်ချုပ်တယ်လို့  မသုံးဘူး... စီမံပေးမယ့်သူများကို ပြည်သူကခန့် တယ် လိုအပ်လို့ ...
ခန့် တယ်... ခင်ဗျားပြောတဲ့ အခြားရန်သူကိုတိုက်ခိုက်ဖို့ ., ပြည်သူကတိုက်ခိုက်ရေးအဖွဲ့ ခန့် တယ်... လက်နက်ပေးမယ်... လစာပေးမယ် ... လုပ်ချင်မှလုပ်နော် အတင်းမခိုင်းဘူး... တာဝန်က အခြားရန်သူကိုကာကွယ်ဖို့ ...
အဲ့ဒိအဖွဲ့ ဟာ ပြည်သူရဲ့လိုအပ်မှု ကြောင့်အဖွဲ့ ကနေ အဖွဲ့ အစည်း ဝန်ကြီးဌာနဖြစ်လာတယ်...
ပညာရေးဝန်ကြီးဋ္ဌာန
အကြီးဆုံးက ပညာရေးဝန်ကြီး..
ကျန်းမာရေးဝန်ကြီးဌာန
အကြီးဆုံးက ကျန်းမာရေးဝန်ကြီး
ခင်ဗျားပြောတဲ့တပ်မတော်ခေါ် ပြည်ပရန် ပြည်တွင်းရန် တိုက်ခိုက်ရေးအဖွဲ့ 
ကာကွယ်ရေးအဖွဲ့ ဟာ ကာကွယ်ရေးဝန်ကြီးဌာန ဖြစ်သွားပြီ....
လုပ်ချင်မှလုပ်နော်... အတင်းမခိုင်းဘူး...
လစာပေးမယ်...
အကြီးဆုံးက ကာကွယ်ရေးဝန်ကြီး
သူ့ အောက်မှာ တပ်မတော်နဲ့ ပါတ် သတ်တဲ့မည်သည့်ရာထူးမဆို...
ကာကွယ်ရေးဝန်ကြီးအောက်မှာ ရှိတယ်... ရှင်းရှင်းလေးနော်
ကာကွယ်ရေးနဲ့ ဆိုင်သောမည်သည့်
အဖွဲ့ အစည်းမဆို ကာကွယ်ရေး ဝန်ကြီးရဲ့
ထိန်းချုပ်မှုအောက်မှာရှိတယ်...
တပ်မတော်ကို မရှိရဘူးလို့ မပြောဘူး
အရေးမကြီးဘူးလို့ မပြောဘူး...
ကာကွယ်ရေးဝန်ကြီးရဲ့ လက်အောက်မှာ
ရှိရမယ်လို့ ပြောတာ...
တပ်မတော်ကို တိုက်ခိုက်တာလည်း မဟုတ်ဘူး စော်ကားတာလည်း မဟုတ်ဘူး... ဖြစ်ရမယ့်ဟာကို ပြောတာ... မကျေနပ်ဘူးလား...
လုပ်ချင်မှလုပ်...
ပြည်ထဲရေးကိုကိုင်တွယ်ချင်လား
sorry ပြည်သူတွေကဒီအပိုင်းမှာ
ခင်ဗျားတို့ ကိုမခိုင်းဘူး....
ထွေအုပ်ကို ကိုင်တွယ်ချင်တာလား
ဒါလည်း sorry ခင်ဗျားတို့ ကို ပြည်သူကမခိုင်းဘူး...
ဒုသမ္မတကို ခန့် အပ်ချင်တာလား...
ဟာ ဒါတော့လွန်ပြီ... ကိုယ့်အကြီးအကဲကို ကိုယ်ပြန်ခန့် ရ သလား... တော်တော်မှားယွင်းနေပြီ
ပြည်သူကမခိုင်းဘူး ခင်ဗျားတို့ က
နေရာလိုချင်တယ်... အတင်းအဓမ္မ နော်... အဲ့ဒါဟာ လုတာပဲ...
ပြည်သူ့ အခွင့်အရေးကိုလုတာ...
ဒီမိုကရေစီဆိုတာ ပြည်သူ့ ဆန္ဒကို ဗဟိုပြုတာ....
မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာ...
ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးသလို
ပြည်သူ့ ဆန္ဒမဟုတ်တဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေကြီးကို အတင်းဖက်ထားရတာ သဘာဝမကျဘူး
ခဏခဏပြောသေးတယ်
ပြည်သူ့ ဆန္ဒ ပြည်သူဆန္ဒနဲ့ ...
ဗြောင်လိမ်နေသလိုခံစားရတယ်...
ပြည်သူကို ဂျင်းထည့်နေရအောင်
ပြည်သူကငတုံးတွေလား...
တပ်မတော်သည် လွတ်လပ်ရေးရ အောင် ဆိုတဲ့ စကားနဲ့ ... ခင်ဗျားတို့ က
တစ်သက်လုံးအုပ်ချုပ်ချင်တာလား
ပြစမ်းပါ အခုတပ်မတော်မှာ လွတ်လပ်ရေးရအောင် ဝင်တိုက်ခဲ့ တဲ့စစ်သားတစ်ယောက်လောက်...
မဆိုင်တာကြီး လာလာကိုးကားနေ တာရယ်ချင်စရာဗျာ....
ပြည်သူလိုချင်တာ ရှင်းရှင်းလေး
တပ်မတော်က တပ်မတော်အလုပ် လုပ်... မလုပ်ချင်ရင်လည်းထွက်
အတင်းမတားဘူး...
အဲ့ဒါဒီမိုကရေစီပဲ...
လုပ်ပါလို့ ဘယ်သူမှ အတင်းဆွဲမထား ဘူး...
ခင်ဗျားတို့ မလုပ်လည်း အခြားသူ လုပ်လိမ့်မယ်...
ခင်ဗျားတို့ မရှိရငိ မဖြစ်ပါဘူးဆိုတဲ့
ပုံစံလာမဖမ်းနဲ့ ...
တပ်မတော်ကိုမရှိရဘူးလို့ မဟုတ်ဘူး
ရှိရမယ့်နေရာမှာနေ ရှိသင့်တဲ့နေရာ မှာနေ...
ခန့် အပ်ခြင်းအဆင့်မှာ ညွှန်ချုပ်ထက်ပိုလို့ မရဘူး...
အဲ့ဒိထက်ကြီးတဲ့ရာထူးကို
ပြည်သူက ရွေးကောက်တင်မြှောက်
ခြင်းနဲ့ သွားမယ်... သိပ်အရေးကြီးလို့ ...
အခြေခံဥပဒေကိုကာကွယ်ရမယ် ဟုတ်လား., အဲ့ဒိနိုင်ငံကိုအုပ်ချုပ်တဲ့ စည်းမျဉ်းကို ပြည်သူကရေးဆွဲရတာ
မကိုက်ညီမသင့်တော်တော့ရင်လည်း ပြည်သူက ပယ်ဖျက်ရတာ
ခင်ဗျားတို့ နဲ့ မဆိုင်ဘူး...
ွှရှင်းရောရှင်းရဲ့လား...
ကာကွယ်ရေးဝန်ကြီးဋ္ဌာနလက်အောက်ခံ
အဖွဲ့ အစည်းက နိုင်ငံကိုအုပ်ချုပ်တဲ့စည်းမျဉ်းကြီးကို ရေးဆွဲတာ ထိန်းသိမ်းတာ ကြောင်မနေဘူးလား
သေနတ်ကသေနတ်အလုပ်လုပ်
ဘောပင်အလုပ်ကိုလာမလုပ်နဲ့ ...
ကိုယ့်နေရာမှာ ကိုယ်တန်ဖိုးရှိအောင် နေ... အဲ့ဒါဆိုကျေးဇူးတင်မယ်.
နိုင်ငံတစ်နိုင်ငံကို ဖွဲ့ စည်းထားတာ သိပ်ရိုးရှင်းတယ်...
ကြောင်တောင်တောင် အတွေးအခေါ်တွေ
ပါလို့ မရဘူး...
သမ္မတအုပ်ချုပ်တယ်ဗျာ...
လိုအပ်တဲ့ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးတွေခန့် တယ်ဗျာ
ဒါဟာ အာဏာခွဲဝေတဲ့သဘောပဲ...
လူဆိုတာမှားတတ်တဲ့သဘောရှိတော့ သမ္မတကစလို့ ပြည်ထောင်စု ဝန်ကြီးတွေ အမှားအယွင်းကို ထိန်းကြောင်းဖို့ ပြည်သူက တင်မြှောက်ထားတဲ့အမတ်တွေနဲ့ ...
လွှတ်တော်နှစ်ရပ်ဖွဲ့ စည်းပြီး
ဝေဖန်တယ်ထောက်ပြတယ် အကြံပေးတယ်....
အားလုံးကိုပြည်သူက ခန့် အပ်ထား တာနော် ဒါကထပ်ပြောတာ...
ဟုတ်ပြီ ပြည်ထောင်စုအဆင့်ပြီးတော့
ပြည်နယ်နဲ့ တိုင်းအဆင့် ဝန်ကြီးချုပ်တွေ
ထပ်ခန့် တယ်...
ဒါကလည်း အာဏာကို ထပ်ခွဲဝေတဲ့ သဘော... ပြီးတော့ ပြည်နယ်နဲ့ . တိုင်းဝန်ကြီးတွေ
ထပ်ခန့် အပ်တယ်..သူတို့ ကို
ထိနိးကြောင်း ဖို့ ပြည်နယ်နဲ့ တိုင်း လွှတ်တော်အမတ် တွေ ထပ်ခန့် ထားတယ်...
ကိုယ့်သဘောနဲ့ ကိုယ်တတ်လုပ်တာ မဟုတ်ဘူးနော် ပြည်သူအများ ဆန္ဒနဲ့ 
ခန့် အပ်ထားတာချည်းပဲ...
ပြည်သူကမခန့် ပဲရာထူးကြီးကြီး လိုချင်လို့ မရဘူး.... သိပ်တော်နေရင် ရွေးကောက်ပွဲဝင်လိုက် ...
သမ္မအထိ တတ်လုပ်လို့ ရတယ်... ရှင်းရှင်းလေး
ရွေးကောက်ခံရမယ်လို့ မယုံရင် ဝန်ကြီးဋ္ဌာနတစ်ခုရဲ့လက်အောက်မှာ နေ... အဲ့ဒိဝန်ကြီးကိုယုံကြည်လိုက်နာ...
မယုံဘူးတော့မလုပ်နဲ့ .,
အဲ့ဒါပြည်သူခန့် ထားတာ...
အခုဖြစ်နေပုံက...
သိုင်းကျွမ်းတာနဲ့ ပဲ... အုပ်ချုပ်ချင်ရ အောင် သိုင်းလောကရောက်နေတာ မှမဟုတ်တာ... ပြည်သူကပဲ
ခင်ဗျားတို့ ကို အတင်းချော့ပေါင်းနေရ မယ့်ပုံ...
ဒီပုံစံနဲ့ ဘယ်လိုရင်ကြားစေ့မလဲ...
ခင်ဗျားတို့ နာမည်ပျက်နေတာ
ခင်ဗျားတို့ ကိုယ်တိုင်ကြောင့်ပဲ...
ရင့်သွားရင် sorry
မကျေနပ်လည်း စောင်ဂရုမစိုက်ပါဘူး
ဒါဗြဲ ဟိဟိ လခွမ်း