Sexy ဆိုတဲ့စကားပေါ့။
ဒီစကားက မြန်မာနားနဲ့တော့ တစ်မျိုးပဲ။
နိုင်ငံတကာမှာတော့ ဒါဟာ ချီးကျူးတဲ့စကား
လှပတယ်ဆိုတာထက် ပိုတဲ့စကား။
ဒီမှာ You’re so sexy. ဆိုရင် ပါးကျွတ်ကျွတ်ကျိုးသွားမယ်။
တည့်ကြီး ဘာသာပြန်လိုက်ရင် မင်းက လိင်စိတ်ကြွစေတယ် ဘာညာကြီး ဖြစ်သွားတာကိုး။
ဆွဲဆောင်မှုရှိတယ်ဆိုတာကိုလည်း Sexy လို့ပဲ သုံးပါတယ်။
ဆွဲဆောင်မှုရှိတယ်ဆိုတဲ့နေရာမှာ အမျိုးမျိုးရှိတယ်။
တစ်ဖက်သားကို နှစ်ခါပြန်ကြည့်ချင်လောက်အောင် ညှို့ဓါတ်ရှိတာမျိုး
နှစ်လိုဖွယ်ရာ ရင်းနှီးချင်ဖွယ်ရာ ရင်ခုန်ဖွယ်ရာမျိုး။
အမျိုးသမီးတွေ ဆွဲဆောင်မှုရှိတယ်ဆိုတာကတော့
ချောရမယ် လှရမယ် ကောက်ကြောင်းမိုက်ရမယ်
ဝတ်ပုံစားပုံ ပြင်ပုံဆင်ပုံ လိမ်းပုံခြယ်ပုံ အမျိုးမျိုးပေါ့။
ချဲ့ရေးရင် ရေးသလောက် ကျယ်ပြန့်လို့ လက်ညောင်းတယ်။ မရေးတော့ဘူး။
အမျိုးသားတွေမှာကျ ဆွဲဆောင်မှုရှိဖို့ဆိုတာ မနက်ကပိုစ့်မှာ ရေးထားသလို ဖင်တုံးကြီးဖော် တင်ကြီးကောက်ပြနေလို့ အဆင်မပြေလှဘူး။
Topတွေကလွဲရင် ဘယ်မိန်းမကမှ အဲ့ဒါကြီးကို ဆွဲဆောင်မှုရှိတယ် မမြင်ဘူး။
အစစ်မတွေ ထွိန်မယ့် စတိုင်တွေပေါ့။
အမျိုးသားတွေအနေနဲ့ ချောမှ လှမှ ဘောင်ဒီဖြောင့်မှ ဆွဲဆောင်မှုရှိတာမျိုး မဟုတ်ဘူး။
အမျိုးသမီးတွေက အမျိုးသားတွေကို ဘယ်လိုကြည့်လဲ သိသလောက်လေး ရေးပြမယ်။
အမျိုးသားတွေက အမျိုးသမီးတွေလို မိတ်ကပ်တွေလိမ်းခြယ်ပြီး အလှပြင်နေလို့ မအိုကေပါဘူး။
ခံတွင်းနံ့ မထွက်အောင်နေ
မျက်နှာသေချာသစ် ခရင်မ်လေးတစ်ခုလောက် လိမ်းရင် ရပါပြီ။ အဓိကကတော့ အဆီတဝင်းဝင်းမဖြစ်အောင်ပါ။
အဲ့လောက်ဆို လုံလောက်ပါပြီ။
ဒါက မျက်နှာအပိုင်းပါ။
ဆံပင်... ဆံပင်ကတော့ တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ သပ်သပ်ရပ်ရပ်လေးဆို ရပါပြီ။
ဆံပင်စုတ်ဖွား ဗောက်တဖွေးဖွေးနဲ့ဆို Impression ကျပါပြီ။ အဲ့ဒီ့အခြေအနေလေးကို ကျော်လွှားရုံပါပဲ။
ကျန်တာ ထွေထွေထူးထူး မရှိလှပါဘူး။
ဘော်ဒီ... အင်း.. Six Pack နဲ့ဆို ဝတ်တာစားတာ ပိုမိုက်တယ်။ ကျန်းမာရေးလိုက်စားတယ်လို့ အမှတ်ပေးတယ်။ ဒီလောက်ပါပဲ။ Six Pack မရှိလို့ အားမငယ်ပါနဲ့။
ယောက်ျားတစ်ရာမှာ ကိုးဆယ့်ငါးယောက်လောက်က One Packတွေပါ။ Six Pack ပါတဲ့ကောင်မှ ယူမှာဆိုတဲ့ မိန်းမလည်း နည်းပါတယ်။
ကိုယ့် One Pack လေးနဲ့ လိုက်ဖက်တဲ့ အဝတ်အစားလေး ရွေးချယ်ဝတ်တတ်ပြီး ထပ်မတက်ရင်ဘဲ ချစ်စရာကောင်းတဲ့ အမျိုးကောင်းသားလေး ဖြစ်နိုင်ပါပြီ။
အားတက်စရာ သတင်းတစ်ခုလည်း ရှိပါသေးတယ်။
အမျိုးသမီးတွေဟာ Six Pack နဲ့ယောက်ျားကို သဘောကျတတ်ပေမယ့် ယောက်ျားစစ်မစစ် သံသယတွေ ဖြစ်နေကြပါပြီ။ ဗိုက်ပူမှ ယောက်ျားစစ်တာလို့ အမျိုးသမီးတွေရဲ့စိတ်မှာ ထင်မြင်ယူဆနေကြပါပြီ။
ကိုယ့်ဗိုက်လေး ကိုယ်ပွတ်ပြီး ကျေနပ်တော်မူကြပါ။
အရပ်... အရပ်အမောင်းကောင်းတဲ့ ယောက်ျားတွေအနေနဲ့ ပိုခန့်ထည်တယ် ယူဆရပေမယ့် အဓိကက ကိုယ့်မိန်းကလေးနဲ့ လိုက်ဖက်ရင်ကို ကျေနပ်စရာကောင်းပါပြီ။
အရပ်ကြီးက လွင့်နေအောင် မြင့်ပေမယ့် ကမ္မဌာန်းဘော်ဒီစထွက်ချာနဲ့ဆို စကယ်လီဒန်ဂေါက်ဂတ် ဂေါက်ဂတ်အပြင် ဘာမှ ပိုထူးလာမှာ မဟုတ်တော့ဘူး။
အရပ်က ၅ပေ၃၊ ကြိုက်တဲ့ကောင်မလေးက ၅ပေ၇လောက် ...သိပ်မဟန်လှဘူး။
ရင်ခွင်မှီအရပ်လို့ ကြွားလို့ကောင်းတာ မိန်းကလေးတွေပဲရှိတယ်။
မတိမ်းမယိမ်းလေးထဲက ရှာ၊ ဂျပုမလေးတွေလည်း ချစ်စရာကောင်းတယ်။
ရှည်ရှည်မှပဲ ကြိုက်ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ့်ပဲ။
နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး
(ငှယ့်... ရိုးရိုးရေးတာနော် ဘာသာရေးမပါပု။
ငါလေးဘာသာ ပေါတောတော နေပါရစေ)
မျက်နှာမည်းပေါင်ချိန်ဖြစ်နေလျက်နဲ့ နှုတ်ခမ်းမွှေးထားရင်တော့ သဘောပဲ။
နှုတ်ခမ်းမွှေးဆိုတာ ဖြူဖြူအုအုလေးတွေထားမှ စိမ်းဖန့်ဖန့်လေး ဖြစ်နေပြီး မိုက်တာ။
ဒါပေမယ့် ဖြူဖြူမည်းမည်း ကျိုးတိုးကျဲတဲ ဟိုတစ်ပင် ဒီတစ်ပင်ပေါက်နေတာထက်စာရင် ကျကျနန ပုံဖော်ထားတာပဲဖြစ်ဖြစ် အပြောင်ရိပ်ထားတာပဲဖြစ်ဖြစ်
ကြည့်ကောင်းသေးတယ်။
အကြမ်းဖျင်းကတော့ ဒါပါပဲ။
နည်းနည်း အနုစိတ်လိုက်ဦးမယ်။
လက်သည်း ခြေသည်း ချေးပရပျစ်နဲ့ဆို
တယ်အဆင်မပြေလှဘူး။
တိတိရိရိညှပ် သန့်သန့်ရှင်းရှင်းလေးထား
ခြေဖမိုးလေး သန့်ပြန့်ပြီး ခြေချောင်းလေးတွေ သွယ်သွယ်၊ ခြေသည်းလေးတွေ သန့်ရင် အတော်မိုက်သွားပြီ။
မယုံမရှိနဲ့ ... မိန်းမအများစုဟာ ယောက်ျားတစ်ယောက်ကို စကြည့်ရင် ခြေထောက်က စကြည့်တာ။
ဖိနပ်အကောင်းစားကြီး တန်ဖိုးကြီးကြီး စီးနိုင်တာ မစီးနိုင်တာထက် အောကတ္တီပါဖိနပ်လေးနဲ့ မွှေးညှင်းလေးတွေနဲ့ ခြေဖမိုးလေးများ မြင်ရင် တဖြုတ်ဖြုတ်ကြွေ။
အိုင်ဆို အိုင့်ယောက်ျားနဲ့ စတွေ့ကတည်းက သူ့ခြေထောက်ကို စကြိုက်တာ ယူဖြစ်သွားတဲ့အထိပဲ
ဤကား စကားချပ်
အကြည့်.... အကြည့်အကြောင်းလေးလည်း ချန်ထားမရဘူး။ အားနေရင် စောင်ရမ်းကြီး အိပြဲနေအောင် နူးညံ့ပြီး အရည်တွေတလဲ့လဲ့တောက်နေတဲ့ မျက်လုံးရွဲကြီးတွေကို မိန်းမအများစုက ကြာပစ်တယ်ပဲ ထင်တယ်။
အဲ့လို ကြည့်ရမှာ ကိုယ်တွေ မိန်းမတွေအလုပ်
ဒင်းတို့ကချည်း အဲ့လိုကြည့်နေရင် လင်မယားနှစ်ယောက် အတူသူငယ်ထောင်နေရမယ်... အမငီး
ယောက်ျားတစ်ယောက်ရဲ့ အကြည့်ဟာ ယောက်ျားဆန်ရမယ်။ လွှမ်းမိုးနိုင်ရမယ်။ တည်ကြည်ရမယ်။ ပြတ်သားရမယ်။ မျက်လုံးလှတာ မလှတာ ကြည့်တတ်တာ မကြည့်တတ်တာထက် စိတ်ဓါတ်က ယောက်ျားဆန်ရင် မျက်လုံးမှာ အလိုလို အရောင်ဟပ်လာတာမျိုး။
လုပ်ယူစရာမလိုတာ။
Love Scenes တွေမှာတောင် ချစ်သူကို ကြည့်တဲ့အကြည့်မျိုးက နူးညံ့ရမယ်... ပြီးတော့ ယောက်ျားဆိုတဲ့ မာန်လေး ပါရမယ်။ ငါကနွားပါဆိုတဲ့ အရာရာကို အလျှော့ပေးလက်မြှောက်ထားတဲ့ အိညှပ်အိညှပ် အကြည့်မျိုးထက် မင်းက ငါ့ကိုချစ်မှာပါဆိုတဲ့ ယုံကြည်မှုတစ်မျိုးနဲ့ တောက်လဲ့နေရမယ်။
သမီးရည်းစားချင်းကြည့်တာ ကိုကိုဦးအဆီပြန်ခါနီး အကြည့်မျိုးနဲ့ သွားကြည့်ရင် ဟိုက ထွက်ပြေးလိမ့်မယ်။
ဥပမာ- မုဒြာခေါ်သံထဲမှာ ဇာဏ်ခီက မင်းသမီးကို ဦးပိန်တံတားပေါ်မှာ ကြည့်တဲ့ အကြည့်မျိုး
အယ့်လယ်... အသေးစိတ်မှတ်မိသမျှ
အနံ့အသက်
သူများတော့ မသိဘူး။ ကိုယ်တွေကတော့ အမွှေးနံ့သာတွေ တလောင်းလောင်းထွက်နေတဲ့ဟာမြင်ရင် နှာခေါင်းရှုံ့မိတော့တာ။
ပင်ကို ကိုယ်နံ့မကောင်းလို့ ဇွတ်ဖုံးထားတာလို့ပဲ ခံစားလို့ရတယ်။
ချွေးနံ့မထွက်အောင် တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်၊ Roll-on လေးလောက်လိမ်း၊
အမွှေးနံ့သာကြိုက်တတ်ရင် အနံ့မပြင်းလွန်းတဲ့ ရေမွှေးလေး ပိစိလောက်စွတ်
အဲ့လောက်ဆို ရပြီ။
အချို့များ ရေမွှေးပုလင်း မှောက်ကျလာသလားမှတ်ရ
ကြောင်သေးစော်ကို နံနေတာပဲ... ခံစားမရဘူး။
အဆင်တန်ဆာ... ယောက်ျားတစ်ယောက်အနေနဲ့ ရွှေတွေငွေတွေ ညွတ်နေအောင် ဝတ်ထားလို့ အခုခေတ်မှာ ဘယ်မိန်းမကမှ မကြွေတော့ဘူး။
ကြွားချင်ဇောနဲ့ စွတ်ဝတ်ထားရင် ငပေါပဲ မြင်တော့တာ။
နာရီကောင်းကောင်းတစ်လုံး၊ မျက်မှန်ကောင်းတစ်လက်လောက်ဆို အတော်ဂေါ်သွားပြီ။
ရပြီ ... အဲ့လောက်ဆို
အခုရေးသွားတာ အပေါ်ယံတွေပါ
တကယ့်တကယ်က ယောက်ျားပီသတဲ့ စိတ်ဓါတ်
ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်း၊ ဂုဏ်သိက္ခာ
မြင့်မြတ်တဲ့ စိတ်ထား၊ ကြီးမြတ်တဲ့ သဘောထားကပဲ
ရေရှည်မှာ ဦးဆောင်နိုင်သွားတာ။
မိန်းမတွေကြွေဖို့ စဉ်းစားတာ စောင်ခလိန်းတွေအလုပ်
တည်တည်ကြည်ကြည်နဲ့ အရည်အချင်းသာရှိရင်
ယူတို့ ခါတောင်ချနေရဦးမယ်။
ပေါင်တစ်ချက်ပုတ်ရင် စော်ငုတ်တုတ်ရောက်တယ်တို့
ဘာတို့တောင် ဖြစ်လာဦးမယ်။
အပေါ်ယံလေးလည်း နည်းနည်းထည့်ပေါ့
တော်ကြာ တည်ကြည်အောင်နေ အရည်အချင်းရှိအောင်နေရင်း နောက်ပြန်လှည့်ကြည့် တစ်ယောက်မှမရှိရင်
ငှက်ပျောတုံးဖက်နေရဦးမယ်။