သူမဟာ အမြဲတမ်း ကျွန်တော့်ကို ရယ်ရယ်မောမောနဲ့ ပျော်ရွှင်အောင်ထားပေးလို့ မျက်နှာကြီး ဖြီးနေရတာ ကျွန်တော်ဟာ သံမဆူးပဲနဲ့ မေးခိုင်ပိုးတောင်ဝင်သွားနိုင်ပါတယ်။
ကိုယ့်ကိုချစ်ခင်ကြင်နာဂရုစိုက်တဲ့သူတွေကို ကိုယ်အသက်ရှင်သန်နေတုန်းမှာ မိဘဖြစ်ဖြစ် ဇနီးမယားဖြစ်ဖြစ် သားသမီးဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဖြစ်ဖြစ် ပြန်လည်ချစ်ခင်ကြင်နာကြပါ။ ဘာလို့လဲဆိုတော့ သူတို့ကိုယ့်အပေါ်ထားတဲ့တန်ဖိုးက သူတို့မရှိမှ နားလည်ရင် ရင်နင့်အောင်ခံစားရမှာမို့လို့ပါ။ ဒါကြောင့် ကိုယ့်ကိုချစ်ခင်ကြင်နာဂရုစိုက်တဲ့လူတွေကို ကိုယ်ကလဲပြန်လည်၍ သူတို့လောက်မချစ်နိုင်ရင်တောင် နီးပါးလောက်ပြန်ချစ်ခင်နိုင်ကြပါစေ။ Photo Credit to Owner.