Image Source: https://pixabay.com/en/nature-animal-world-3106213
အချစ်စစ်
အပြစ် ဖြစ်မှာစိုးသည် ။
နှလုံးသား ရေတံခွန်
ကမ်းလွန် နိုင်သည် ။
စိတ်ထိန်းခဲ့ပြီ
ရွေ့နိုင်သည့် ဒီ ခြေလှမ်း ။
ချစ်ရသူ အကြိုထောက်မှ
ဆက်လျှောက် ဖို့ မှန်း ။
အိပ်မက်မြူ (ကဝ)
အိပ်မက်မြူ (ကဝ)ရဲ့အရမ်းကောင်းတဲ့ကဗျာလေးတပုဒ်ပါ.
ငယ်စဉ်ကတည်းက အချစ်ကိုစတင်စမ်းသပ်စအရွယ်မှာ
အကြီးမားဆုံးသောစိန်ခေါ်မှုတခု ကတော့ အချစ်နဲ့သိက္ခာပဲဖြစ်ပါတယ်
ကိုယ့်ချစ်တဲ့သူက ငယ်သူငယ်ချင်းလည်းဖြစ်ချင်ဖြစ်မယ်.
သူဌေးသမီးလည်းဖြစ်ချင်ဖြစ်မယ်. ဘာပဲဖြစ်ဖြစ် အရေးကြီးတာက ကိုယ်ချစ်တာကိုဖွင့်ပြောတဲ့အခါ သူစိတ်ဆိုးသွားပြီး ကိုယ့်ကိုမုန်းမသွားဖို့ပဲလိုပါတယ်
ထိုသို့ သောအကြောင်းခြင်းရာများကြောင့် ဆန္ဒကို သိက္ခာနဲ့ ထိန်းကာ အဖြူရောင်ချစ်ခြင်းများနဲ့ ပေးဆပ်ကာချစ်တတ်သူတို့ မွေးဖွားလာခဲ့လေသည်.