အချိန်တန်ခဲ့ပြီ…
အလည်လွန် သင်းကွဲငှက်ရဲ့ အိမ်ပြန်ချိန်
ဒီလောက်တော့ မခါးသက်သင့်ဘူး
ဖြတ်သန်းခဲ့သမျှမိုင်တွေ…
ရှေ့တစ်လှမ်းတိုးဖို့ အားပေးဖူးသလို
နောက်တစ်လှမ်းဆုတ်ဖို့အထိလည်း
အားလျော့စေခဲ့တယ်ț
မုန်းတိုင်းထဲမှာ ကျရှုံးရမယ့်အဖြစ်ကို
သူမလိုချင်ပါဘူး
အေးချမ်းတဲ့မိုးစက်နဲ့တော့
ဆေးကြောလှဲ့ပါ
ပျံသန်းရင်းလည်း ကျရှုံးဖူးတာပဲ
ပြန်ထဖို့ကြိုးစားရင်းလည်း ဖြစ်နိုင်ခဲ့တာပဲ
ဒါပေမယ့် အမည်းရောင်နာမည်တစ်ခု
သူ့အတွက်ရှိနှင့်နေပြီ
တောင်ပံကျိုးတဲ့
ပြောင်းလဲဖို့ကြိုးစားချိန်မှာ
မပြောင်းလဲတဲ့အမြင်နဲ့သူတွေကြောင့်
သူအားမလျှော့ပါဘူးလေ
တောင်ပံတစ်ခါခတ်တိုင်း
လဲကျခဲ့တဲ့နေရာနဲ့ကွာဝေး
နွေးထွေးတဲ့သူ့အသိုက်အမြုံနဲ့
နီးကပ်လာခဲ့ပြီကိုး…
အချိန်တန်ခဲ့ပြီ…
အလည်လွန် သင်းကွဲငှက်ရဲ့ အိမ်ပြန်ချိန်
ဒီလောက်တော့ မခါးသက်သင့်ဘူး
ဖြတ်သန်းခဲ့သမျှမိုင်တွေ…
ရှေ့တစ်လှမ်းတိုးဖို့ အားပေးဖူးသလို
နောက်တစ်လှမ်းဆုတ်ဖို့အထိလည်း
အားလျော့စေခဲ့တယ်
မုန်းတိုင်းထဲမှာ ကျရှုံးရမယ့်အဖြစ်ကို
သူမလိုချင်ပါဘူး
အေးချမ်းတဲ့မိုးစက်နဲ့တော့
ဆေးကြောလှဲ့ပါ
ပျံသန်းရင်းလည်း ကျရှုံးဖူးတာပဲ
ပြန်ထဖို့ကြိုးစားရင်းလည်း ဖြစ်နိုင်ခဲ့တာပဲ
ဒါပေမယ့် အမည်းရောင်နာမည်တစ်ခု
သူ့အတွက်ရှိနှင့်နေပြီ
တောင်ပံကျိုးတဲ့
ပြောင်းလဲဖို့ကြိုးစားချိန်မှာ
မပြောင်းလဲတဲ့အမြင်နဲ့သူတွေကြောင့်
သူအားမလျှော့ပါဘူးလေ
တောင်ပံတစ်ခါခတ်တိုင်း
လဲကျခဲ့တဲ့နေရာနဲ့ကွာဝေး
နွေးထွေးတဲ့သူ့အသိုက်အမြုံနဲ့
နီးကပ်လာခဲ့ပြီကိုး…