အပြင်မှာပှုပြင်းနေတဲ့နေရောင်ခြည်လိုပဲ ရင်ထဲမှာလည် အစိုင်အခဲကြီးနဲ့ပါလေ…………
အခက်အခဲဆိုတာ လူတိုင်းတွေ့ကြုံနေကြရတာ နေ့စဉ်နဲ့အမျှ အချိန်တိုင်းပေမို့ သိပ်ပြီးဆန်းကျယ်လွန်းတဲ့ စကားမဟုတ်ပါဘူးလေ…………
ခက်ခဲလို့စိတ်ညစ်ကြတယ် စိတ်ညစ်လို့ ပိုပြီးအခက်တွေ့နေကြရမယ် ဒီအခက်ခဲကို ပြေလည်နိုင်တဲ့နည်းလမ်းဆိုတာကတော့ တစ်ထောင့်တစ်နေရာမှာ အဆင်သင့်ရှိနေမှာပါလေ………………
မျှော်လင့်ချက်ဆိုတာ လူတိုင်းရဲ့ရင်မှာ ရှိနေကြပါလိမ့်မယ် ဒီမျော်လင့်ချက်ကို ပျောက်ပျက်မသွားရလေအောင်တော့ မိမိ၏စိတ်မှာ အမြဲမွေးမြူထားသင့်သလို မျှော်လင့်ချက်တွေ ဖြစ်မြောက်လာရေးအတွက်
တစိုက်မက်မက်နဲ့ ဦးတည်ရာကိုသို့ အခက်ခဲတွေကြားကဖြစ်မြောက်အောင် လုပ်ဆောင် သွားရမှာပါပဲလေ………………
အဆင်ပြေနေတဲ့အချိန်မှာ ပျော်ရွှင်မြူးကြွနေကြသလို အဆင်မပြေခြင်းတွေနဲ့ တွေ့ကြုံရတဲ့အခိုက်အတန့်လေးမှာလည်း ပျော်မြူးခြင်းမရှိနိုင်ကြသော်လည်း ပြုံးနေဖို့ကို ဝန်လေးခြင်းမရှိကြပါနဲ့လေ…………
ပျော်လိုက် မဲ့လိုက်နဲ့ လူဘဝစာမျက်နှာတွေမှာ ရွှင်မြူးတလှည့် ပြုံးတစ်လှည့်တော့ အစဉ်အမြဲရှိနေသင့်တယ်လေ……………
အဆင်မပြေပါဘူးဆိုနေမှ ဘယ်သူကမှ ပြုံးပြီးမနေနိုင်ကြတာ ဟုတ်မှန်နေပါသော်လည်း ရင့်ကျပ်ခြင်းကို လိုအပ်နေတဲ့ လူတစ်ယောက်အတွက်တော့ မပြေသော်လည်း ပြုံးနေမှ ဖြစ်ပေလိမ့်မယ်………………
အောင်မြင်မှုဆိုတာ အပြောလွယ်သလောက် လက်တွေ့ဘဝမှာ အလွန်နက်နဲသော အရာတစ်ခုပါလေ……
ဘာကြောင့်လဲဆိုတော့ လူတိုင်းအောင်မြင်မှုဆိုတာထက် အဆင်ပြေမှုကို အဓိကထားပြီး လုပ်ဆောင်နေကြရလို့ပါ……………
လူတိုင်းအောင်မြင်မှုကိုလိုလာကြပေမယ့် လူတွေဟာ အရင်ဦးစွာ အဆင်ပြေမှုကို အရင်ဆုံးမလုပ်ကိုင်ကြပါလေ……………
အဆင်ပြေခြင်းမရှိပဲနဲ့တော့ အောင်မြင်မှုဆိုတာ ခက်ခဲနေဦးမှာပါလေ……………
အောင်မြင်မှုဆိုတဲ့အရာကြီးကို စိတ်ထဲက မေ့မေ့ပျောက်ပျောက် ထားလိုက်ပြီး အရင်ဦးဆုံး ကိုယ့်စိတ်နဲ့ ခန္ဒာကို အဆင်ပြေအောင်ပြုပြင်ထိန်းကျောင်းနိုရင်ဖြင့် အောင်မြင်မှုဆိုတဲ့ လမ်းမကြီးက သင့်ကိုကြိုဆိုနေပါလိမ့်မယ်ဟု ပေါ်ရာစိတ်ကူး ခံယူချက်အတွေးအမြင်ကို ရင်ဖွင့်ရေးချရင်းဖြင့်……………………
……………………
author:
photo:my
photo:cedit google images