စတီးမစ်လောကမှာ အများဆုံးပေးနိုင်သောသူ မသိသူမရှိ အားလုံးထဲက လူအများစုအားကိုးနေရပါသောသူ ဘုတ်လေးတစ်ချက်နဲ့တင် လူစိတ်တွေကို ပျော်ရွှင်မြူးကြွကာ ဆက်လက်စာရေးသားနိုင်အောင် ဖန်ဆင်းပေးနိုင်သောသူ အနီရောင်အဝတ်စားလေးနဲ့ လူတိုင်းမှတ်မိလွယ်ကူနိုင်အောင် ပြောင်းလဲခြင်းမရှိ တည်ကြည်ခန့်ညားသော ရုပ်လက္ခာပိုင်ရှင် ငါရေးတင်လိုက်တဲ့ပို့စ်တစ်ပုဒ်ကို ရှစ်စတင်းလောက်နောက်ဆုံးပေးပြီး ယနေ့ချိန်အထိ မပေးပဲ ရပ်နားခြင်းခံနေရတဲ့ မင်းစပေါ့ကို ငါယခုချိထိ တမ်းတမျှော်နေစဲပါကွာ……………
ယခုဆိုရင် စတင်းဈေးက ကျတာထက်ကျဆင်းသွားခဲ့ပြီ ငါစာရေးနိုင်ဖို့ စတီးမစ်လမ်းမပေါ်မှာ နေ့စဉ်မပျက် စာရေးပြီး လျှောက်လှမ်းသွားနိုင်ဖို့ဆိုတာ မင်းပေးလာမယ့် စပေါ့က ငါ့ရှင်သန်ခြင်းအတွက် အင်အားတစ်ခုပါပဲလေ………………
မင်းမပေးလည်း ငါဘက်ကတော့ နေ့စဉ်မပျက် စာရေးပို့စ်တင်ပြနေလျက်ပါပဲ……………
စာတိုတိုလေးရေးပြီး ဓါတ်ပုံလေးထည့်ကာ ရေးတင်နေကြသော လူတစ်ချို့ကိုတောင် မင်းစပေါ့ပေးနေတယ်ဆိုတာ ငါလေ့လာကြည့်သလောက် မြင်တွေ့နေရပါတယ်……………
ငါ့အတွေးစိတ်ကူး ငါ့အရေးအသား ဘယ်စာကိုမှ မှီဥာဏ်ထားခြင်းမရှိတဲ့ ငါ့ရဲ့ ရင်တွင်းခံစားချက် ဖြစ်ပျက်တွေ့ကြုံလာသမျှတွေကို ရှည်လျားသောစာကြောင်းများဖြင့် ရေးတက်သလိုလေးရေးချတင်ပြလာခဲ့တာ နေစဉ်မပျက် တင်ပြနေစဲပါလေ…………………
စာတိုတိုရေးတင်နေကြသူတွေကို မင်းစပေါ့ပေးနေတယ်ဆိုရင် စာရှည်ရှည်ရေးပြီး မင်းချပေးထားတဲ့ အီးစတင်းဆော့လ်ဝဲနဲ့ ငါတင်သမျှတွေကိုတော့ မင်းဘက်ကအသိအမှတ်ပြုသင့်တယ်လို့တော့ ငါထင်မြင်ယူဆမိပါတယ်………………
မင်းချပေးထားတဲ့ အီးစတင်းဆော့လ်ဝဲနဲ့ရေးတင်သမျှတွေကို မင်းဘက်ကသာ အမြဲပံ့ပိုးပေးနေမယ် အသိအမှတ်ပြုနေမယ်ဆိုရင် ရာခိုင်နှုန်းဖြတ်ချင်သလောက်ဖြတ် မင်းသဘောအတိုင်း ပေးလာရင်ကို ကျေနပ်နေသူပါကွာ………………
မင်းဘက်က ငါရေးတင်လိုက်တာတွေကို မသိသလို မမြင်သလို ဟန်ဆောင်ပြီး ကျော်သွားခဲ့ရင်လည်း နေ့စဉ်မပျက်အောင် တစ်ရက်တစ်လောက်ကို အလုပ်မအားလည်းရေး အားနေလည်းရေးချတက်ပြပြီး မင်းစပေါ့ပေးချိန်အထိ ဇွဲကောင်းကောင်းနဲ့ ရေးသားတင်ပြနေဦးမှာပါ……………
ငါဇွဲ ငါ့စိတ် ကမင်းကိုဘယ်လောက်ထိအားကိုးယုံကြည်ထားသလဲဆိုတော့ တစ်နေ့မင်း ငါ့ကိုအသိမှတ်ပြုတဲ့အနေဖြင့် ပေးလာလိမ့်မဟ်လို့မျှော်လင်းရင်း မင်းစပေါ့လေးကို ငါ့ကိုပေးကျွေးပါဟုplease feedmeလို့သာ ပြောဆိုရင်ဖွင့်လိုက်ပါရစေ…………………
author:
photos:cedit google images