ကျွန်တော်ရေးသားတင်ပြခဲ့ပါသော အပိုင်းဆက်ကိုမရေးဖြစ်ခဲ့သည်မှာ နေ့ရက်ပေါင်းဆယ်ကိုးရက်လောက်ပင်ရှိခဲ့လေပြီ။
ပြီးဆုံးသည်အထိ ရေးသားတင်ပြမည်ဟု စိတ်ပိုင်းဖြတ်ထားမှတော့ ရေးဖြစ်အောင်တော့ တင်ပြရပေဦးမည်။
အပိုင်း(၉)၌ တရုတ်အလုပ်ရှင်ပါဟု အာမခံလက်မှတ်ရရှိထားသောသူဋ္ဌေးအမည်ခံ အလုပ်ရှင်အများစုသည် မိမိတို့နိုင်ငံ၌ နှစ်ချုပ်ဖြစ် ငှားရမ်းထားသော အလုပ်ဆိုဒ်များတွင် အဆင်ပြေသလို ကြောတစ်နေရာစာအတွက် အိပ်စက်အတားယူခွင့်ရလျှင်ပြီးရော အဆင်ပြေသလို နေထိုင်စားသောက်ခြင်းနှင့် ထိုအလုပ်ရှင်များ၏ အလုပ်သမားများဖြစ်သော ကျွန်တော်တို့ရွှေမြန်မာအလုပ်သမားလူတန်းစားများမှာတော့ တရုတ်တို့ ငှားရမ်းရန် ဆောက်လုပ်ထားသော တိုက်ခန်းအသစ်စက်စက်တန်းလျားများ၌ အဆင့်မြင့်မြင့် နေထိုင်ကြသည်ကို လိုရင်းတိုရှင်း ရေးသားခဲ့၏။
တရုတ်လူမျိုးများသည် ကျွန်တော်တို့ရွှေမြန်မာများ၏ စိတ်နေစိတ်ထား အမှုအကျင့်စရိုက်များကို ကောင်းစွာသိရှိထားကြသူများဖြစ်သည်ဟု မှတ်ချက်ပြုပါရစေ။
မြန်မာပြည်ကြီးသည် ထိုစဉ်တချိန်အခါကာလတွင် ဖွင့်ဖြိုးတိုးတက်ခြင်းမရှိသေးပေ။
စီးပွားရေး၌ ကျွန်တော်တို့လို အောက်ခြေလူတန်းစားများအတွက် တစ်ရက်စာ ရှာဖွေလို့ ရှိသောဝင်ငွေသည် လူတစ်ယောက်၏ ဝမ်းတထွာအတွက်ပင် မလုံလောက်နိုင် ထိုအဖြစ်အပျက်များကို တရုတ်လူမျိုးတို့သည် ကောင်းစွာသဘောပေါက်ထားသလို မြင်တွေ့နေကြရ၏။
တရုတ်လူမျိုးများသည် နယ်စပ်ဒေသအား ဖွင့်ဖြိုးတိုးတက်ရန်အတွက် ငွေကြေးများအကုန်ကျခံနိုင်ပါသော်လည်း အလုပ်သမားလူတန်းစားများ ရှားပါးလှသည့်အနေအထား မြန်မာပြည်၌ အလုပ်အကိုင်မရှိ ဘွဲ့ရပညာတက်များ ရှိနေပါသော်လည်း အလုပ်လုပ်ကိုင်စရာလုပ်ငန်းသည်က များများစားစားမရှိလှ မိမိတို့၏ဇာတိမြေ၌ပင် တောင်ယာပေါက် ကောက်စိုက် နွားကျောင်းရုံမှ အခြားမရှိ ရရှိသောအလုပ်သည်ပင် နေထွက်မှနေဝင် ပင်ပန်းကြီးစွာလုပ်မှ ဝမ်းပြည့်ရုံလောက် မသေထ္မင်း မသေဟင်းလောက်သာ စားသောက်နိုင်ကြ၏။
ထိုအနေအထားကို မကြည့်လည်း မြင်တွေ့သိရှိနေသော တရုတ်လူမျိုးများသည် သူတို့၏နိုင်ငံနှင့် နယ်နိမိတ်ထိဆက်နေပါသော မြန်မာပြည်နှင့် ချစ်ကြည်စွာဖြင့် အပြန်အလှန်ဖွင့်လစ်ထားပါသော ဂိတ်တံခါးများကိုဖွင့်လျက် ဘာအတားအဆီးမှမရှိနိုင်လောက်အောင်ထိပင် ဝင်ထွက်သွားလာကာ ညအိပ်ညနေကို ရက်အကန့်အသက်မရှိခွင့်ပြုလာကြသည်။
author:
photo:credit google images