သူတို့လိုချင်တာက သိတာကိုမသိသလို တတ်တာကိုမတတ်ချင်ယောင်ဆောင်ပြီး ခေါင်းညိတ်တတ်တဲ့လူကိုလေ ကိုယ်တွေကအဲ့လိုမနေတတ်တော့လည်းအခက်သားလားလူတစ်ယောက်ရဲ့ထက်မြက်မှူတွေကိုဘေးချိတ်ထားမှဖြစ်မယ်ဆိုတော့လည်း တာ့တာပါပဲလို့။နေရာတိုင်းမှာ ဦးဆောင်နေရတဲ့ မိန်းမတစ်ယောက်က လိုတာထက် မချိုသာတတ်ဘူး။စိတ်ဆတ်လိမ့်မယ် စိတ်ထားမကောက်ကျစ်ဘူး။ ဒေါသကြီးရင်ကြီးမယ် အချိန်ကြာကြာစိတ်မဆိုးတတ်ဘူး။ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်တယ်။ဟန်မဆောင်တတ်ဘူး။မာယာမများဘူး။ရဲရင့်တဲ့ဆက်ဆံရေးရှိတယ်။အိနြေ္ဒကြီးတစ်ခွဲသားနဲ့မနေတတ်ဘူး။လူအများနဲ့နေရတာနှစ်သက်တယ်။နေရာတကာဆရာကြီးလုပ်တတ်ပေမယ့် စာနာစိတ်ရှိတဲ့နေရာမှာသူတို့ကိုလိုက်မမှီဘူး။သူတို့အားနည်းချက်က... သနားတတ်တယ် အားနာတတ်တယ် လုပ်ချင်ရာကိုအကြောက်အရွံမရှိလုပ်ပြီး နောင်တဆိုတာမရှိဘူး။တစ်ခုပဲလူတစ်ယောက်ကိုမုန်းသွားရင် သေတောင်စကားလှည့်မပြောနိုင်အောင် သွေးအေးရက်စက်တတ်တာလေးပဲ။ထက်မြက်တယ်ဆိုထဲက သူများထက်တော်လို့ သူများထက်သာလို့မို့ ️သူတို့ရဲ့ရပ်တည်ချက်၊ခံယူချက်တွေက သူများနဲ့မတူဘဲခိုင်မာတယ်။️သူတို့ရဲ့အတွေးအခေါ်၊အယူအဆတွေကို ဆုတ်ကိုင်ထားတတ်လို့ခေါင်းမာတယ်ထင်ရပေမယ့် အမှန်တစ်ကယ်ဇွဲကြီးတဲ့သူတွေဖြစ်တယ်။️သူများဘယ်လိုကူညီမလဲဆိုတာထက် ငါဘာလုပ်နိုင်လဲဆိုတာပဲတွေးတယ်။အမှတ်သည်းခြေကြီးတယ် ရန်ငြိုးဖွဲ့ဖို့၊လက်တုန့်ပြန်ဖို့မဟုတ်ပေမယ့် သူတို့ကိုနာကျင်အောင်လုပ်မိရင်ဘယ်တော့မှမမေ့ဘူး။️နားလည်ခွင့်လွှတ်တတ်ပေမယ့် ဟင်ဆိုရင်လှည့်မကြည့်တော့ဘူး။အေးစက်စက်လို့ထင်ရပေမယ့် လိုအပ်လာရင်ကျောက်တုံးကို အရည်ဖျော်နိုင်စွမ်းရှိကြတယ်။ပျော်ပျော်နေရင်းဖြတ်သန်းတတ်တဲ့ သူတို့စိတ်တွေကတကယ်တော့ အခြားသူတွေကိုပေးဆပ်လိုက်ရတာတွေများတယ်။အခက်အခဲရှိပေမယ့် ဘယ်အခြေအနေမှာမဆို အဆင်ပြေပါတယ်လို့ပဲပြောလေ့ရှိတယ်။သင်အဆင်ပြေရဲ့လား ကိုယ်အဆင်ပြေပါတယ်အောင်မြင်သူတိုင်းရဲ့နောက်ကွယ်မှာတိကျတဲ့အချိန်ဇယားရှိတယ်အဲ့ဒီအချိန်ဇယားကသူများရေးဆွဲပေးဖို့မလိုဘူးကိုယ်တိုင်ရေးဆွဲမှစစ်မှန်တဲ့အောင်မြင်မှုရှိမှာပါတိကျဖို့တော့လိုတယ် ကြီးကြီးကျယ်ကျယ်အောင်မြင်ဖို့ဆိုရင်တော့ ကြီးကြီးကျယ်ကျယ် ကြိုးစားဖို့တစ်နည်းကလွဲလို့ ကျန်တာဘာမှ မရှိဘူး။ကျေးဇူးတင်ပါသည်။