ငါအသက်ငယ်သေးလို့ လုပ်ငန်းတစ်ခုတည်ထောင်ဖို့မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။
ပတ်ဝန်းကျင်ကပြောလာရင် လည်းနားမယောင်ပဲကိုယ့်ကိုကိုယ်ယံုကြည်မှုရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကအယူအဆတွေထဲမှာ အသက်ငယ်သေးရင်ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးဘူး မိဘအုပ်ထိန်းမှုအောက်မှာပဲရှိသင့် တယ်လို့ထင်ကြပါတယ်။ အသက်ငယ်သေးရင်အစွမ်းအစမရှိသေးဘူးလို့အထင်အမြင်သေးတတ်ကြပါတယ်။
photo google
ဒါပေမယ့် အသက်ဘယ်လောက်ငယ်ငယ်စီးပွားရေးစလုပ်လို့ရနေပါပြီ။
ကိုယ်ပိုင်လုပ်ငန်းကိုပြောတာပါ။ အောက်မှာရေးထားတဲ ့အချက်တွေကတော့ အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းစတင်ချင်သူတွေ အတွက် အကျိုးရှိစေမယ့် လိုက်နာစရာအချက်လေးတွေပဲဖြစ်ပါတယ်။
- လေ့လာသင်ယူပါ
အတွေ့အကြံုမရှိသေးလို့ဆိုပြီးလက်လျော့ရင်တော့ အတွေ့အကြံုဘယ်တော့မှရလာမှာမဟုတ်ပါဘူး။ ငယ်ရွယ် သေးတဲ့အခါမှာပိုပြီးလေ့လာသင်ယူနိုင်စွမ်းရှိပါတယ်။
အမှားတွေတော့ရှိမှာပါပဲ ဒါပေမယ့် ငယ်ရွယ်သေးတဲ့ အတွက်အမှားထဲကနေသင်ယူနိုင်ပြီး အမှားပြင်နိုင်ဖို့အချိန်ပိုရမှာဖြစ်ပါတယ်။ အတွေးအမြင်သစ်တွေ အကြံဥာဏ်အသစ်တွေပိုများတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။
- ပိုက်ဆံစုပါ
ဝင်ငွေမရှိသေးတဲ့အချိန်မှာဘယ်လိုစီးပွားရေးလုပ်မလဲ။ မုန့်ဖိုးတော့ပံုမှန်ရနေမှာပါ။
ပိုက်ဆံစုတဲ့အကျင့်ကို ငယ်ရွယ်တဲ့အချိန်ကနေစသင့်ပါတယ်။ ကိုယ့်တနေ့တာအသံုးစရိတ်ထဲကနေလိုတာပဲသံုးပြီး ပိုတာကိုစုထား ရမယ်။ တစ်နှစ်လောက်စုပြီးရင်ကိုတော်တော်လေးစုမိလာမှာပါ။
များလာတဲ့အခါကိုယ့်အတွက်လုပ်ငန်းလုပ်ဖို့ အရင်းအနှီးဖြစ်လာတာပေါ့။ အောင်မြင်ဖြစ်ထွန်းချင်တဲ့လူငယ်တစ်ယောက်ဟာ သူများပျော်ပါးနေချိန်မှာ ကုန်းရုန်းအလုပ်လုပ်နေတတ်ပါတယ်။ သူများသံုးဖြုန်းနေတဲ့အချိန်မှာ ကိုယ်ကအကျိုးရှိရှိသံုးစွဲနေတဲ့အခါ အောင်မြင်မှုလမ်းစနဲ့ပိုမိုနီးစပ်လာမှာပါ။
- စီးပွားရေးစိန်ခေါ်မှုများနဲ့အခက်အခဲတွေကို
ရင်ဆိုင်ဖို့အဆင်သင့်ရှိပါ
စီးပွားရေးလုပ်တယ်ဆိုတာအသက်နဲ့မဆိုင်ပေမယ့် လူနဲ့တော့အလွန်ဆိုင်ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ သင့်မှာစီးပွားရေးလုပ်လိုတဲ့စိတ်ပြင်းပြင်းပြပြရှိပြီး၊ ဦးဆောင်နိုင်စွမ်းရှိရပါ မယ်။ အစပိုင်းမှာအားကြိုးမာန်တက်လုပ်ပြီး အခက်အခဲလေးတွေတွေ့လာတာနဲ့လက်လျော့လိုက်တာမျိုးမလုပ် မိပါစေနဲ့။ အခက်အခဲကတော့ကြံုတွေ့ရမှာပါပဲ ဘယ်လိုဖြေရှင်းမယ်ရင်ဆိုင်မယ်ဆိုတာကိုအဆင်သင့်ပြင်ဆင် ထားရပါမယ်။
- အစီအစဥ် plan ချဆွဲထားရပါမယ်
Plan ချတယ်ဆိုတာအကျင့်ကောင်းတစ်ခုပါ။ လုပ်ငန်းလုပ်ပြီဆိုရင် အစီအစဥ်တွေစဆွဲရတော့မှာပေါ့။ ဘာကုန်ပစ္စည်းကိုအရောင်းအဝယ်လုပ်မယ် Client တွေကဘယ်သူတွေဆိုတာသိအောင်လုပ်ရမယ်၊ ဘယ်အသက်အရွယ်ကိုဦးတည်မယ်ဆိုတာလဲသိထားရပါမယ်။
- ကျရှံုးဖို့အတွက်ပြင်ဆင်ထားပါ
အပွင့်လင်းဆံုးပြောရရင် စီးပွားရေးစလုပ်ပြီတာနဲ့အောင်မြင်တာအရမ်းရှားပါတယ်။
လံုးဝကြီးရှုံးနိမ့်သွားတာမျိုးလို့မသတ်မှတ်ပါနဲ့။ ဒါပေမယ့်အထက်မှာပြောခ့ဲသလိုပဲအမှားတွေလုပ်မိတဲ့အခါအဲ့ဒီ့အမှားထဲကနေ ပြန်လည်သင်ယူရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သင့်ရဲ့လုပ်ငန်းကသိပ်ပြီးအမြတ်ရမှာမဟုတ်ပါဘူး။ အဲ့ဒီ့အရာတွေကိုသေချာမှတ်သားပြီး နောက်ထပ်ပိုကောင်းတဲ့ plan တွေဆွဲဖို့ကြိုးစားရပါမယ်။
- ကိုယ့်ကိုကိုယ်ယံုကြည်မှုရှိပါ
photo google
ကိုယ့်ကိုကိုယ်ယံုကြည်မှုရှိဖို့အရမ်းအရေးကြီးပါတယ်။ သူများတွေကကိုယ့်ကိုဘယ်လောက်ပဲလျော့တွက် နေကြပါစေ နားမယောင်မိပဲစိတ်ဓါတ်မကျသွားပါစေနဲ့။ ယံုကြည်မှုမရှိပဲလုပ်ရင် ဘယ်အလုပ်မှအဆင်ပြေပြေ အောင်မြင်မှာမဟုတ်ပါဘူး။ သူတပါးဆီကပညာကိုယူပါ ဝေဖန်မှုကိုဆန်းစစ်ပါ ရှံု့ချမှုကိုလျစ်လျူရှုပါ။