တစ်စုံတစ်ရာသော ကြီးမားသောဆန္ဒ ပြည့်ဝအောင်မြင်ရန်အတွက် အခြားသောဆန္ဒများကို စေးတပစ်ရမည်။
အကောင်းမြင် အပြုတွေစိတ် ရှိသူတို့မှာ ကံကြမ္မာက မည်မျှပင် နှိပ်စက်သည်ဖြစ်စေ လောကဓံမုန်တိုင်း မည်မျှပြင်းထန်စွာ တိုက်ခိုက်သည်ဖြစ်စေ ၊ ခန္ဓာကိုယ်တွင်းရှိ မျှော်လင့်ချက် ရောင်ခြည်သည် မှေးမှိန်ကွယ်ပျောက်မသွားဘဲ တောက်ပမြဲ တောက်ပနေရာ ထိုအလင်းရောင်၏ လင်းပြမှုဖြင့်ပင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ပန်းတိုင်သို့ ရောက်ရမြဲဖြစ်သည်။
စေတနာသည်.လူတိုင်းနှင့်မတန်ပါလို့ စကားလုံးကို တော်တော်များများပြောကြပါတယ်။ အလကားရတဲ့ စေတနာကိုပဲ နှမြောတွန့်တိုရာ ရောက်နေရင် ကောင်းပါ့မလား။ စဉ်းစားကြနော်လို့ (ရွှေဥမင်ဆရာတော်ကြီး)က သတိပေးထားပါတယ်။
မအောင်မြင်ခြင်းက အပြစ်တင်စရာမဟုတ်ပါ။ စိတ်ပျက်လက်လျှော့ပြီး နောက်ထပ် မကြိုးစားခြင်းကိုသာ အပြစ်တင်စရာဖြစ်ပါတယ်။
အကြံညဏ်များရှိခြင်းသည် ပန်းများကို.စုဆောင်းသည်နှင့်တူပြီး စဉ်စားတွေးခေါ်သည်မှာ ပန်းကုံးများအဖြစ် သီခြင်းနှင့်တူညီပါသည်။
Photo Crd Original source