တခြားလူတွေ၏ တင်စီးမှု ၊ ဝေဖန်ကဲ့ရဲ့မှု ၊ စော်ကားမှု ၊ လိမ်လည်မှု ၊ ကိုယ်ထိလက်ရောက်မှု၊ တစ်ခုခုကို ခံရတဲ့အခါမှာ မည်မျှစိတ်ဓာတ်ကြံ့ခိုင်သူတစ်ဦးပင် ဖြစ်စေကာမှု လောကဓံနှင့်ကြုံသောအခါ ပုထုဇဉ်ပီပီ တုန်လှုပ်တက်ပါတယ်။ လောကဓံတရား၏ နှိပ်စက်မှုကြောင့် စိတ်ဆင်းရဲဖြစ်ရခြင်း ဟူသော ဝေဒနာကို ကုစားပေးနိုင်သော ဆေးက တခြားမဟုတ်ပါ။ ထိုအရာသည်က ပညာရှိ သူတော်ကောင်းများ၏ သြဝါဒစကားများကို နာခံကျင့်သုံးခြင်းပင်ဖြစ်သည်။
ဖြစ်ချင်ရာဖြစ်၊ ပျက်ချင်ရာပျက်၊ စိတ်မပျက် ၊ အပြုံးမပျက်ဘဲ တည်တည်ငြိမ်ငြိမ် ရင့်ရင့်ကျက်ကျက် တရားစွမ်းအားနှင့် မိမိရဲ့စိတ်ကို ထိန်းသိမ်းနိုင်ရမယ်။ လောကထဲမှာ နေရတာဆိုရင် လောကဓံဆိုတာ မလွဲမသွေ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ရှောင်လို့ရတာ ရှိတယ်။ ရှောင်လို့မရတာ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က ခံနိုင်ရည်ရှိအောင် ကြိုးစားထားမှသာလျှင် တွေ့ကြုံလာမည့် လေညကဓံကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
အပြုစိတ်၏ အနေအထားဆိုသည်မှာ စိတ်၏ အရည်အချင်းဖြစ်ပြီး၊ ထို့စိတ်ထားက ထိုသူ၏ ကြံစည်မှုနှင့် အစီအစဉ်မှာ တန်းခိုးစွမ်းအင်များကို ဖြစ်ပွပေါ်ပေါက်လာစေတက်ပါသည်။စိတ်သည်အားလုံးသော ထင်မြင်ချက်များကို ယုံကြည်ချက်များကို တူညီသည့် အကောက်အထည်အဖြစ်သို့ ဒြပ်ပြောင်းလဲ၍ ပေးတက်သော သဘောရှိလေသည်ဟု (နပိုလီယံဟီးလ်)က ရေးသားတင်ပြခဲ့ဖူးပါသည်။
လူသားတိုင်း ကောင်းမွန်တဲ့စိတ် ထားရှိပြီး အောင်မြင်တဲ့ဘဝလမ်းကိုလျှောက်လမ်းနိုင်ကြပါစေ။
Credit Photo Original source