ကျွန်ုပ်တို့ဟာ နေ့စဉ်သာမန်ဘဝကိစ္စရပ်တွေမှာ အသိသညာတွေပေါ် မှီခိုအားထားနေရပါတယ်။
ကျွန်ုပ်တို့ရှိမှာ အသိတရားသာမရှိဘူးဆိုလျှင်
ဘဝရဲ့ခက်ခဲမှုတွေနဲ့ မလွဲဧကန်တွေ့ရတော့မှာ ဖြစ်ပါတယ်။
အသိတရားသာမရှိဘူးဆိုလျှင် အပြုအမူ အပြောအဆိုကစလို့ အလုပ်တော်တော်များများကို လုပ်ဆောင်နိုင်စွမ်းရှိမှာလည်း မဟုတ်ပါ။ သို့သော်လည်း အသိတရားဟာ ဓလေ့ထုံးစံဖြစ်လာတဲ့အခါမျိုးမှာ အနှောင့်အယှက် ဖြစ်တက်ပါတယ်။ ထိုသို့သော် အသိတရားမျိုးဟာစိတ်ကို လမ်းညွှန်တဲ့ ယုံကြည်မှုတစ်ခုဖြစ်လာတဲ့အခါမှာ အတားအဆီးတစ်ခုသဖွယ် ဖြစ်သွားတက်ပါသည်။
ထို့ကဲ့သို အသိတရားမျိုးဟာ လူအချင်းချင်းကိုလည် သွေးကွဲအောင်လည်း ခွဲတက်ပါသည်။ ကမ္ဘာအနှံ့အပြားမှာ နေထိုင်ကြတဲ့လူတွေဟာ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ အစရှိသည်တို့ပြောကြရင် အုပ်စုတွေ တော်တော်များများကွဲနေကြတာကို သင့်တို့ သတိထားမိကြရဲ့လား။ ထိုအုပ်စုတွေ ကွဲနေကြတယ်ဆိုတာ ဘယ်လိုအရာကလုပ်ဆောင်နေကြတာလဲဆိုရင်
ဓလေ့ထုံးတမ်း အစဉ်အလာတွေ ကြောင့်သာ ဖြစ်ပါတယ်။
ဘုရားသခင်ဆိုတဲ့အရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် စိတ်ဟာ ဓလေ့ထုံးတမ်း အစဉ်အလာတွေအားလုံး ကင်းလွတ်နေရပါမယ်။ စိတ်ပိုင်ဆိုင်ရာ အကာအကွယ် အစောင့်အရှောက်အဖြစ် အသုံးပြုထားတဲ့ အသိပညာအားလူံးဟာ ကင်းရှင်းနေရပါမယ်။ တကယ်လိုသာ ကိုယ့်စိတ်ကို အမှန်တရားရှာတွေအောင် လွတ်လပ်နေစေမယ်ဆိုရင် ပျက်စီးခြင်းကင်းတဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိပါလိမ့်မယ်။
Credit Photo Facebook