After that, the person who is to initiate the rite, place the groom's right hand onto the bride's right hand. Garlanding, exchanging rings, sprinkling with scented water, warpping with scarf and putting their hands together in a silver bowl have been accomplished simultaneously.
ထိုသို့ ကန်တော့ပြီးပါက မင်္ဂလာလက်ထပ်ပေးမည့် ပုဂ္ဂိုလ်တစ်ဦးဦးက အမျိုးသား၏ လက်ယာလက်နှင့်အမျိုးသမီးလက်ယာလက်တို့ ထပ်ကာ လက်ထပ်ပေးသည်။တစ်ချိန်းတည်းမှာပင် ပန်းကုံးစွပ်ပေးခြင်း၊ လက်စွပ်လဲခြင်း၊ ရေဖြန်းခြင်း၊ စုလျားရစ်ပတ်ခြင်း၊ ရေဖလားတွင် လက်ဆုံချခြင်းတို့ကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်၏။
Then, the parents from both sides or one of the senior elders on behalf of the parents gives advice to the couple expressing the does and the don'ts of the married life. After - wards,the elders wish them a healthy and wealthy life.
လက်ထပ်ပြီးပါက နှစ်ဘက်မိဘများကလည်း ကိုယ်တိုင်ကသော်လည်းကောင်း၊ မိဘများ၏ ကိုယ်စား ရပ်ရွာမှ လူကြီးတစ်ဦးဦးကသော်လည်းကောင်း ဆုံးမသြဝါဒစကား ပြော၏။ ထိုကြောင့် ဤလင် ဤမယား မင်္ဂလာအခမ်းအနားကို အောင်စေသတည်း၊ အောင်စေသတည်း၊ဟု ဆို၍ ရုပ်သိမ်းကြသည်။
In conclusion, grains of rice and coins are rained down. Those who gets the coins keep them as auspicious things.
အခမ်းအနားရုပ်သိမ်းစဉ် ဆန်များနှင့်အတူထည့်ထားသော ပိုက်ဆံများကို ကြဲကြသည်။ မင်္ဂလာအခမ်းအနားတွင် ကြဲသောငွေဖြစ်၍ မင်္ဂလာရှိသည်ဟုဆိုကာ ဧည့်သည်များက ကောက်ယူသိမ်းဆည်းထားကြသည်။