The shampooing ceremony or Kin-pon-tat Mingala is the cleansing ceremony for physical and mental cleanliness. Having given birth the auspicious day and occasion are selected carefully within two weeks, to hold that ceremony. All the friends and the relatives are invited to the ceremony. The shampooing ceremony is simultaneously followed by the head shaving, the cradle putting, name giving and rice spooning ceremonies.
ကင်ပွန်းတပ် မင်္ဂလာ
ကင်ပွန်းတပ် မင်္ဂလာဆိုသည်မှာ ကလေးမွေးဖွားပြီးပါက ထိုကလေးကို ကိုယ်ရောစိတ်ပါ သန့်ရှင်းအောင် ရေချိုးသန့်စင်ပေးသောမင်္ဂလာ ဖြစ်၏။ ကလေးမွေးပြီးပါက ရက်သတ္တတစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း နေ့ကောင်းရက်သာရွေး၍ ယင်းမင်္ဂလာအခမ်းအနားကို ကျင်းပသည်။ ထိုအခမ်းအနားတွင် မိတ်ဆွေအပေါင်းအသင်းများကိုလည်း ဖိတ်ကြား၏။ ကင်ပွန်းတပ် မင်္ဂလာနှင့်အတူ ခေါင်းရိတ်မင်္ဂလာ၊ ပုခက်တင် မင်္ဂလာ၊ အမည်ပေး မင်္ဂလာ၊ ထမင်းခွံ့ မင်္ဂလာတို့ကိုတွဲ၍ ပြုလုပ်တတ်ကြ၏။
Two offertories, one for the Buddha and one for the parents have been provided at the ceremony.
အခမ်းအနားတွင် ဘုရားအတွက် ကန်တော့ပွဲတစ်ပွဲ မိဘနှစ်ပါးအတွက် ကန့်တော့ပွဲတစ်ပွဲ ပြင်ဆင်ထား၏။
Tha- bye-ywet, the Eugenia sprigs and other flowers have been placed in a silver bowl. The Eugenia sprig is the emblem of victory for Myanmar. The home-coming victorious soldiers have been welcomed back by presenting Eugenia sprig.
ထိုနောက် ငွေဖလားတစ်လုံးတွင် သပြေရွက်နှင့် အခြားပန်းများကို ဝေဝေဆာဆာထည့်ထား၏။ သပြေရွက်သည် မြန်မာတို့ အောင်မြင်သောအထိမ်းအမှတ်ဖြစ် ဆောင်ရွက်သော အရွက်ဖြစ်၏။ ထိုအရွက်ကို စစ်ထွက်သည့် ယောက်ျားများ အောင်ပွဲရလာပါက သပြေခက်များနှင့် ကြိုလေ့ရှိ၏။ သပြေပင်ကို အင်္ဂလိပ်လို Jambol ဟုခေါ်၏။
A plate of turmeric paste smeared rice is also prepared. A bowl of shampoo is provided.
ထိုအပြင် နနွင်းလိမ်းထားသော ဆန်တစ်ပန်းကန်ကိုလည်း ပြင်ဆင်ထားသည်။ ခေါင်းလျှော်ရန် ခေါင်းလျှော်ရည်ကိုလည်း ပြင်ထားသည်။