တဖွဲဖွဲကျနေတဲ့ မန်းမြေက မိုး
စူးရှတဲ့ ပုဇဉ်းရင်ကွဲတို့ရဲ့ အော်သံ
လှောင်ပိတ်နေတဲ့ စိတ်ရဲ့အစဉ်
တောင်စဉ်ရေမရ
အတွေးတို့က ချာချာလည်
ခိုနားရာ မဲ့...။
အပေါင်းသအသင်း
ရောင်းရင်းတွေကလဲ အဝေးတစ်နေရာမို့
ချုန်းချုန်းကျ အထီးကျန်
ငေးငိုင်လို့ ငေးမှိုင်
ဆွေးမခိုင် ပြိုလဲ
တကိုယ်တည်းပါပဲ...
ကြင်သူလဲ မရှိ
ခင်သူလဲ နတ္ထိ
မန်းမိုးရဲ့အောက်မှာ
အလွမ်းတို့ဖွဲ့ကျူးစေသော်လည်း
ဝမ်းတို့ကဖြင့် မြည်လှချေပြီ တကား...။ ။
author by@wunna
msu no. 55