သို့
ရွာထဲက အာပြဲ
ကျုပ်အာလူး ရွာဦးကနေ စာရေးလိုက်တယ်။ ဘာအထူးမှတော့ မရှိဘူး။ လာဦးလို့ ခများကျုပ်ကို ခေါ်တဲ့ကိစ္စပဲ။
ကျုပ်က
နွေးနွေးထွေးထွေး မကြိုရင် မလာဘူး၊
မဖိတ်ခေါ်ရင် မလာဘူး၊
ရင်းနှီးလို့ လာတာကို ဖားတယ်ထင်ရင် မလာဘူး၊
မလာစေချင်ရင် မလာဘူး၊
မလာချင်ရင် မလာဘူး၊
ခနခနလည်း မလာဘူး၊
မလာဘူးဆို မလာဘူး။
ဒါပါပဲ။
အော် ဒါနဲ့ ခများ ကျုပ်ဆီကိုတော့ အချိန်မရွေးလာလို့ရတယ် သိလား။ ကျုပ်က မာနကြီးတာ မဟုတ်ဘူး။ ကျုပ်ကိုမြင်ပြီး ခများ အနှောင့်အယှက်ဖြစ်မစိုးလို့။ ။