ဓမ္မအသိ ထားရှိကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြသွားမဲ့ အကြောင်းအရာတွေအကုန်က ဥပမာထားပြီး ဆင်ခြင်နိုင်ကြဖို့ သာဓကများ ရေးသားသွားမှာ ဖြစ်ပါတယ်။
ဖတ်ဖြစ်ကြဖို့ကိုလည်း မျှော်လင့်မိပါတယ်။
ဒီပို့စ်မှာ အတိတ်က အမှားလုပ်ရပ်လုပ်ခဲ့မိလို့ ပြန်ပေးဆပ်ရတဲ့ မထေရ်မြတ်တစ်ပါးအကြောင်း ပြောပြသွားပါမယ်။
"ရှင်ပူတိဂတ္တတိဿ"
"ရှင်ပူတိဂတ္တတိဿ" ပေးဆပ်ခဲ့ရပုံက တစ်ကိုယ်လုံး အနာတွေပေါက် ပုပ်ပွပြီး အရိုးတွေ ကျိုးပဲ့ကုန်တဲ့ ဝဋ်ကြွေးပါ။
ဒီလိုဖြစ်ခဲ့ရတာက "ရှင်ပူတိဂတ္တတိဿ"က ဘဝတစ်ခုမှာတုန်းက ငှက်မုဆိုးဖြစ်ခဲ့တယ်။
ငှက်မုဆိုးဆိုတဲ့အတိုင်း ငှက်လေးတွေကို ထောင်ဖမ်းပြီး ကြော်ရောင်းရတာမျိုး လုပ်ရတာပေါ့။
ဒါပေမဲ့ သူကတော့ တစ်ခါထဲ ငှက်လေးတွေကို အကုန်ကြော်ထားလိုက်ပြီး မရောင်းရရင် အလဟာသဖြစ်ပြီး ပစ်လိုက်ရမှာ ပူခဲ့တယ်။
လတ်ဆတ်တဲ့ငှက်သားကိုပဲ ရောင်းချင်ခဲ့လို့ ငှက်လေးတွေကို အကုန်မကြော်ဘဲ အတောင်ပံတွေချိုး ပေါင်တွေချိုးထားတယ်။
အဲ့ဒီ အကုသိုလ်ကံကြောင့် ရဟန္တာဖြစ်တဲ့ဘဝမှာတောင် အနာတွေပရဗွပေါက်ပြီး ပေါင်ကျိုးရတယ်။
လူတွေအနားမကပ်ချင်ကြတဲ့ အနာတွေနဲ့ ပုပ်ပွတဲ့ဘဝမှာ နေခဲ့ရတယ်။
သံသရာအမှားလေးတစ်ချက်ကြောင့် ဒီလိုထိဖြစ်ရတာပါ။
ဒါကြောင့် အိမ်မှာ ကလေးတွေရှိရင်လည်း ဒီလိုမျိုး အမှာမလုပ်မိဖို့ တားကြပါ။
မိမိတို့ ကိုယ်တိုင်လည်း တိရစ္ဆာန်လေးတွေကို အပျော်သဘောနဲ့တောင် နာကျင်အောင် လုပ်မိပြီး သံသရာကြွေး မယူမိအောင် ဆင်ခြင်ကြပါလို့ တိုက်တွန်း သတိပေးလိုက်ပါရစေ။
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu