တစ်ခါတုန်းက ပါမောက္ခကြီး တစ်ယောက်ဆီကို ပြသနာတွေနဲ့ရင်ဆိုင်နေရပြီး မပျော်ရွှင်နိုင်ဖြစ်နေတဲ့ တပည့်က ရောက်လာပြီး သူ့ဘဝက စိတ်မချမ်းမြေ့စရာဖြစ်ကြောင်း ရင်ဖွင့်ခဲ့တယ်။
အကြောင်းစုံ နားထောင်ပြီးတော့ ဆရာကြီးက _
"ကဲ ရော့ ... ဒီဖန်ခွက်ထဲကို ဟော့ဒီက ဆား မင်းလက်တစ်ဆုပ်စာ ထည့်လိုက်၊ ထည့်ပြီး ဇွန်းနဲ့မွှေလိုက်" လို့ခိုင်းလိုက်တယ်။
ဆရာကြီးခိုင်းတဲ့အတိုင်း တပည့်ဖြစ်သူက လုပ်လိုက်တယ်။
"မွှေပြီးပါပြီ ဆရာ"
"ပြီးပြီဆိုရင် မင်း အဲ့ဒီရေကို လက်နဲ့တို့ပြီး မြည်းကြည်ပါဦး" လို့ ဆရာကြီးက ထပ်ခိုင်းလိုက်တယ်။
တပည့်ဖြစ်သူက မြည်းကြည့်ပြီး မျက်နှာရှုံ့တွသွားရင် _
"အား ... ငန်လိုက်တာ"လို့ ပြန်ဖြေတယ်။
ဆရာကြီးက _
"ဒါဆို အဲ့ဒီ ဆားထုပ်ယူပြီး ငါ့နောက်လိုက်ခဲ့" ဆိုပြီး တပည့်ကို ရေကန်တစ်ခုစီ ခေါ်သွားတယ်။
ရေကန်ဆီရောက်တော့ ဆရာကြီးက _
"ခုနကအတိုင်းပဲ ဆားလက်တစ်ဆုပ်စာ ရေကန်ထဲ ထည့်ပြီး မွှေလိုက် ငါ့တပည့်" လို့ ခိုင်းလိုက်တယ်။
တပည့်ဖြစ်သူကလည်း ရေကန်ထဲကို ခုနကအတိုင်း လက်တစ်ဆုပ်စာ ဆားထည့်ပြီး မွှေလိုက်တယ်။
"ခု သောက်ကြည့်ဦး" လို့ ဆရာကြီးက ပြောလိုက်တယ်။
တပည့်ကလည်း ရေကန်ထဲက ရေကိုနည်းနည်းခပ်သောက်လိုက်တယ်။
"ကဲ ... ဘယ်လို အရသာရှိတုန်း"လို့ ဆရာကြီးက မေးလိုက်တယ်။
တပည့်ဖြစ်သူက _
"သောက်လို့ကောင်းပါတယ် ဆရာ" လို့ ပြန်ဖြေတယ်။
"အခုကျ မငန်တော့ဘူးလား၊ ဆားအရသာမရတော့ဘူးလား ငါ့တပည့်ရ" လို့ ဆရာကြီးကမေးလိုက်တယ်။
"ဟုတ်ကဲ့၊ လုံးဝမငန်တော့ပါဘူးဆရာ" လို့ တပည့်က ပြန်ဖြေတယ်။
ဆရာကြီးက တပည့်ရဲ့ဘေးမှာဝင်ထိုင်ရင်း _
"တကယ်တော့ ဘဝရဲ့ နာကျင်မှု လောကဓံတွေဆိုတာ တကယ့်ကို ဆားပဲကွ၊ နာကျင်မှုရဲ့ ပမာဏက အတူတူပါပဲ၊ ပိုခံစားရတယ် သိပ်မခံစားရဘူးဆိုတာ နာကျင်မှုရဲ့ အရသာကို ငါတို့ခံစားဖို့ ထည့်ထားတဲ့
စိတ်ဆိုတဲ့ အရာပေါ်မူတည်သွားတာ၊ လောကဓံကပေးတဲ့ နာကျင်မှုကို ထည့်ခံစားဖို့ ငါတို့ရဲ့စိတ်က ဖန်ခွက်အရွယ်ဆို နာကျင်မှူဆားရဲ့ အရသာကို ငါတို့ပိုခံစားရမယ်၊ ရေကန်လို စိတ်မျိုးနဲ့ နာကျင်မှုဆားကို ထည့်ခံမယ်ဆိုရင်တော့ ခံစားရတာ မရှိသလောက်ပေါ့ တပည့်ရာ၊ ဖန်ခွက်ကို အခုကစမေ့လိုက်ပြီး ရေကန်လိုစိတ်ပဲမွေးထားပါ"လို့ ဆုံးမစကားဆိုပေးလိုက်တယ်။
ရေကန်လိုစိတ်မျိုးနဲ့ နာကျင်မှုဆားတွေကို ပျော်ဝင်နိုင်ကြပါစေ မျှော်လင့်လျက် ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu