စာဖတ်သူအပေါင်းကို ကျွန်မ ဒီပို့စ်နဲ့အတူ
ဘဝနေနည်း အကြံဉာဏ်၅ချက် လက်ဆောင်ပေးလိုပါတယ်။
ဒီခဲတံလေးလို ဘဝကို ကျင့်ကြံနေထိုင်နိုင်ကြပါစေ ...
တစ်ခါက ခဲတံပြုလုပ်တဲ့လူကြီးဟာ သူ့ရဲ့ခဲတံလေးကို ဘူးထဲထည့်ပြီး ပါကင်မပိတ်ခင် ဒီလိုမှာခဲ့ပါတယ် _
"ငါ မင်းကို ကမ္ဘာကြီးထဲမပို့ခင် မင်းသိထားရမဲ့ အချက်၅ချက်ရှိတယ်၊ အဲ့ဒီအချက်တွေကို အမြဲလိုက်နာပြီး မမေ့လျော့ရင် မင်း အကောင်းဆုံးခဲတံဖြစ်လာလိမ့်မယ်"
"ပထမအချက် - မင်းရဲ့ဘဝကို တစ်စုံတစ်ယောက်လက်ထဲမှာ ပိုင်ဆိုင်ဖို့ မင်းခွင့်ပြုခဲ့မယ်ဆိုရင် ... ကြီးကျယ်ခမ်းနားတဲ့အရာတွေ အများကြီး မင်းဖန်တီးလာနိုင်မယ်"
"ဒုတိယအချက် - ခဲတံအချွန်ခံလိုက်ရပြီး တိုက်စားခံရလို့ မင်းဟာ အချိန်တိုင်း အချိန်တိုင်း နာကျင်တဲ့ဝေဒနာကို ခံစားရနိုင်တယ်၊ ဒါပေမဲ့ မင်းအဲ့ဒါကို လိုအပ်တယ်၊ ပိုကောင်းတဲ့ ခဲတံဖြစ်လာဖို့ပေါ့"
"တတိယအချက် - မင်းရေးခဲ့မိတဲ့ အမှားတွေကို မင်း ကိုယ်တိုင် ပြန်ပြင်နိုင်ရမယ်"
"စတုတ္ထအချက် - မင်းရဲ့အတွင်းမှာ ဘာရှိနေတယ်ဆိုတာ မင်းကိုယ်မင်း အမြဲသိနေဖို့က မင်းအတွက်အရေးအကြီးဆုံးပဲ"
"ပဉ္စမအချက် - မင်းကို ဘယ်မျက်နှာပြင်ပေါ်မှာရေးဖို့ပဲသုံးသုံး ... မင်းရဲ့အမှတ်အသားချန်ခဲ့ရမယ်၊ ဘယ်လိုအခြေအနေဖြစ်နေပါစေ ... ကိုယ်ရေးစရာရှိတာ ဆက်ရေးနေရမယ်"
ခဲတံလေးကလည်း သူ့ရဲဖန်တီးရှင်မှာကြားတဲ့အတိုင်း လိုက်နာပါ့မယ် ကတိပေးပြီး ဘူးထဲဝင်သွားခဲ့တယ်။
အဲ့ဒီအတိုင်းလည်း တကယ်နေခဲ့တယ်လို့ဆိုပါတယ်။
ခဲတံလေးက ခဲတံကောင်းဖြစ်ဖို့ ဒီအချက်၅ချက်ကို လိုက်နာဖို့လိုအပ်ပါတယ် ... ထို့အတူပဲ ကျွန်မတို့လည်း အကောင်းဆုံးလူသားဖြစ်ဖို့ ဒီအချက်၅ချက်နဲ့ပဲ နှိုင်းယှဉ်ပြကြည့်တဲ့အခါ _
"ပထမအချက် - ကျွန်မတို့ရဲ့ဘဝတွေကို ဘုရားသခင်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ဖို့ ခွင့်ပြုခဲ့မယ်ဆိုရင် ... ကြီးကျယ်ခမ်းနားတဲ့အရာတွေ အများကြီး ကျွန်မတို့ဖန်တီးလာနိုင်မယ်"
(ဒီနေရာမှာ မိရိုးဖလာမဟုတ်ပဲ တကယ့်ကို ဘုရားအပေါ် ယုံကြည်သက်ဝင်ပြီး ကိုးကွယ်လာခြင်းကို ဆိုလိုချင်ပါတယ်ရှင်)
"ဒုတိယအချက် - လောကကြီးရဲ့ ပြသနာတွေ အခက်အခဲဒုက္ခတွေ တိုက်စားလို့ ကျွန်မတို့ နာကျင်တဲ့ဝေဒနာကို အချိန်တိုင်း အချိန်တိုင်း ခံစားရနိုင်တယ်၊ ဒါပေမဲ့ ကျွန်မတို့လည်း အဲ့ဒါကို လိုအပ်ပါတယ်၊ ပိုကောင်းတဲ့ ပိုရင့်ကျက်ပြည့်စုံတဲ့လူတွေ ဖြစ်လာဖို့ပေါ့"
"တတိယအချက် - ကျွန်မတို့ပြုလုပ်ခဲ့မိတဲ့ အမှားတွေကို ကျွန်မတို့ကိုယ်တိုင် ပြန်ပြင်နိုင်ရမယ်"
"စတုတ္ထအချက် - ကျွန်မတို့ရဲ့ စိတ်အတွင်းမှာ ဘာရှိနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲသိပြီး နားလည်သဘောပေါက်နေဖို့က ကျွန်မတို့အတွက်အရေးအကြီးဆုံးပဲ"
(ကိုယ့်အကြောင်းကိုယ်သိမှ ချင့်ချိန်တွေးတောပြီး ပြုလုပ်နိုင်ပါလိမ့်မယ်)
"ပဉ္စမအချက် - ကျွန်မတို့ကို ဘယ်လိုလမ်းကိုလျှောက်ဖို့ပဲ ကံတရားက ရွေးပေးခဲ့ပါစေ ... ကျွန်မတို့ရဲ့အမှတ်အသားကောင်းချန်ခဲ့ရမယ်၊
ကောင်းတဲ့သမိုင်းအဖြစ် ကျရာနေရာမှာ ရေးထိုးနိုင်ရမယ်၊ ပြီးတော့ ဘယ်လိုအခြေအနေဖြစ်နေပါစေ ... ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေရမယ်"
(ဘယ်နေရာပဲရောက်ရောက် နာမည်မသေစေဖို့ အမှားအယွင်းကင်းပြီး နာမည်ကောင်းကျန်အောင် ကြိုးစားပါ)
ခဲတံလေးလို လိုက်နာနိုင်ကြပါစေ ဆုမွန်ကောင်းချွေလျက် ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu