တစ်ခါတုန်းက နွားနို့ညှစ်ရောင်းတဲ့ အမျိုးသမီးကြီးတစ်ဦးက ဈေးထဲမှာ သွားရောင်းဖို့ နွားနို့ခရားကြီးကို ခေါင်းပေါ်ရွက် လမ်းလျှောက်လာခဲ့တယ်။
သူက လမ်းလျှောက်လာရင်း စိတ်ကူးတွေယဉ်လာခဲ့တယ်။
"ငါသာ ဒီနေ့ နွားနို့အကုန်ရောင်းရရင် ကြက်ဆယ်ကောင် ဝယ်နိုင်မယ်၊ ငါ့နွားနို့တွေလတ်ဆတ်တာ နာမည်ကျော်လာရင် လူတွေအများကြီး ဝယ်ကြမယ်၊ ဒါဆို မကြာခင်မှာပဲ တစ်ရက်ကို ကြက်အကောင်တစ်ရာလောက်တောင် ဝယ်နိုင်လောက်တယ်၊
အဲ့ဒီကြက်တွေကြီးလာတဲ့အခါ ဈေးမှာ သွားရောင်းရင် ဆယ်ဆမကပြန်မြတ်မှာပဲ"
လို့ တစ်ယောက်တည်းတွေးရင်း စိတ်ကူးယဉ်ပြီး ရှေ့ဆက်လျှောက်လာတယ်။
ဆက်ပြီး နွားနို့သည်မိန်းမကြီးက _
"အဲ့ဒီငွေနဲ့ဆို ငါဆိတ်ပေါက်နှစ်ကောင်လောက်တော့ ဝယ်နိုင်လောက်ရဲ့၊ အဲ့ဒီဆိတ်ပေါက်လေးတွေကျောင်းဖို့အတွက်လည်း ရွာထိပ်မှာနေရာကြိုရှာဦးမှပဲ၊
သူတို့ကိုကြီးလာရင် ဈေးမှာထပ်ရောင်း ထပ်မြတ်၊ ငါလည်း နောက်ထပ်နွားတစ်ကောင်ဝယ်နိုင်မယ်၊ အဲ့ကျ နို့အများကြီးပိုရောင်းလာနိုင်မှာ၊ အဲ့လိုနဲ့ ငါလည်း ပိုက်ဆံတွေ ချမ်းသာာာ ...!"
ပျော်ရွှင်စရာအတွေးတွေနဲ့ စိတ်ကူးယဉ်ရင်း နွားနို့သည်မိန်းမကြီးက အောက်ကိုသေချာမကြည့်မိဘဲ ခြေချော်လဲကျသွားခဲ့ပါတယ်။
သူစိတ်ကူးယဉ်ထားတဲ့ နွားနို့အိုးကြီးလည်း မြေပေါ်မှောက်ကျသွားပြီး မိန်းမကြီးက ထိုင်ငိုနေခဲ့တယ်။
အဲ့ဒီကစ မိန်းမကြီးက အလုပ်မပြီးမြောက်သေးပဲ နောက်ထပ် အိပ်မက်လည်း ထပ်မမက်တော့ပါဘူး။
စိတ်ကူးယဉ် အိမ်မက် ရည်ရွယ်ချက် ထားရှိတာ ကောင်းတဲ့ အပြုအမှုဆိုပေမဲ့ စိတ်ကူးယဉ်ဖို့ လစ်လပ်တဲ့အချိန်မှာသာ စိတ်ကူးယဉ်ကြသင့်ပါတယ်။
အလုပ်တစ်ခုကို လုပ်နေချိန်မှာတော့ စိတ်ကူးယဉ်မှုကို ဘေးဖယ်ထားပြီး အောင်မြင်မှုရဖို့သာ အလေးအနက် စိတ်နှစ် လုပ်ဆောင်ကြပါလို့ အကြံပြုရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu