တစ်ခါက ဘွဲ့ယူခါနီး လူငယ်လေးတစ်ယောက်က သူ့ဖခင်ကို ကားတစ်စီး ပူဆာလိုက်တယ်။
သူ့အဖေမှာ ဒီကားဝယ်ပေးဖို့ လုံလောက်တဲ့ ပိုက်ဆံရှိနေမယ်လို့ သူထင်ခဲ့တယ်။
ဘွဲ့ယူတဲ့နေ့ရောက်တော့ လူငယ်လေးက သူ့အဖေဆီက လက်ဆောင်ကို မျှော်လင့်ပြီး စိတ်လှုပ်ရှားနေခဲ့တယ်။
သူ့အဖေက သူ့ကို သီးသန့်စကားပြောဖို့ ဆွဲခေါ်သွားပြီး သားဖြစ်သူအတွက် ဂုဏ်ယူကြောင်း၊ သူအရမ်းပျော်နေကြောင်း၊ သားကို အရမ်းချစ်ကြောင်းတွေသာ ပြောနေခဲ့တယ်။
ကားလက်ဆောင် မျှော်လင့်ထားတဲ့လူငယ်လေးက စိတ်မရှည်တော့ဘဲ ကျွန်တော်အတွက် လက်ဆောင်ရောမပါဘူးလားအဖေ လို့မေးလိုက်တယ်။
သူ့အဖေက သူ့လက်ထဲကို လက်ဆောင်ဘူးတစ်ခုထည့်ပေးလိုက်တယ်။
လူငယ်လေးက ဘူးကိုဖွင့်ကြည့်လိုက်တဲ့အခါ ဘုရားစာအုပ်တစ်အုပ်ကို စတွေ့သွားခဲ့တယ်။
သူ့အဖေက ကားဝယ်ပေးနိုင်ရဲ့သားနဲ့ မဝယ်ပေးဘဲ တရားစာအုပ်လက်ဆောင်ပေးတာကို မြင်မိပြီး လူငယ်လေးက အရမ်းဒေါသထွက်သွားတယ်။
လက်ဆောင်ဘူးကို မြေပေါ် ပစ်ချပြီး သူက အသံကုန်အောင် သူ့အဖေကို စိတ်ပျက်မုန်းတီးကြောင်း အော်ပြောပြီး ထွက်သွားခဲ့တယ်။
အဲ့ဒီနောက် လူငယ်လေးက သူ့အဖေဆီ တစ်ခါမှ ပြန်မလာတော့ဘူး။
အချိန်တွေကြာလာတော့ လူငယ်လေးက စီးပွားရေးလုပ်ငန်းတွေမှာ အတော်အသင့် အောင်မြင်လာခဲ့တယ်။
အိမ်ကောင်းကောင်းတစ်လုံးနဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးတစ်ခု သူပိုင်ဆိုင်လာခဲ့တယ်။
အဖေနေရာကို ရောက်လာတဲ့သူက သူ့အဖေကိုလည်း သတိရလာမိတယ်။
သူ့အဖေလည်း အတော်အိုမင်းလာလောက်ပြီဆိုတာ သူတွေးမိခဲ့တယ်။
သူ့အဖေဆီ သွားတွေ့သင့်ပြီလို့လည်း သူထင်လာခဲ့တယ်။
ဘွဲ့ယူတဲ့နေ့နောက်ပိုင်းကစပြီး သူ့အဖေနဲ့ မတွေ့ဖြစ်ခဲ့ကြတော့ဘူးလေ။
သူ့အဖေဆီ သွားတွေ့ဖို့ သူမစီစဉ်နိုင်သေးမှာပဲ သူ့ဆီကို ရှေ့နေ့တစ်ဦးက ဆက်သွယ်ပြီး
သူ့ဖခင် ကွယ်လွန်သွားပြီဆိုတာ ပြောပြခဲ့တယ်။
သူထွက်ခွာခဲ့တာကြာပြီဖြစ်တဲ့ အိမ်လေးကို တစ်ခါပြန်ရောက်တဲ့အခါ သူ့စိတ်ထဲ လွမ်းဆွတ် ဝမ်းနည်းမှုကို ခံစားလိုက်ရတယ်။
သူ့အဖေရဲ့ ပစ္စည်းတွေကို သိမ်းဆည်းရင်း သူဘွဲ့ယူတဲ့နေ့က သူ့အဖေပေးခဲ့တဲ့ လက်ဆောင်ဘူးလေးကို တွေ့သွားတယ်။
ဘုရားစာအုပ်လေးကို သူထုတ်ကြည့်လိုက်တဲ့အခါ စာအုပ်ကြားကနေ ကားသော့တစ်ချောင်း ထွက်ကျလာခဲ့တယ်။
စာအုပ်ရဲ့အောက်မှာတော့ စာချုပ်လေးတစ်ခုကို သူတွေ့လိုက်ရတယ်။
သူအရမ်းလိုချင်လို့ ပူဆာခဲ့တဲ့ ကားလေးကို သူဘွဲ့ယူတဲ့နေ့က ဝယ်ထားတဲ့ စာချုပ်လေး ဖြစ်နေခဲ့တယ်။
သူ့အဖေရဲ့ စာရွက်စာတမ်းတွေကို ဆက်ရှာဖွေရင်းနဲ့ သူ့အဖေက သူတို့အိမ်ကို ဘဏ်မှာပေါင်ထားတဲ့ စာချုပ်ကို သူ ထပ်တွေ့လိုက်ရတယ်။
တူညီစွာပဲ သူလိုချင်ခဲ့တဲ့ကားရဲ့ တန်ဖိုးနဲ့ တစ်ညီထဲ ငွေပမာဏကို သူဘွဲ့မယူခင်တစ်ရက်က သူ့အဖေက ချေးယူခဲ့တာမှန်း သူသိသွားခဲ့တယ်။
သူမျက်ရည်တွေ စီးကျလာပြီး အဖေဖြစ်သူကို ပိုလွမ်းဆွတ်လာမိတယ်။
ဒါပေမဲ့ အချိန်က နှောင်းသွားခဲ့ပါတယ်။
ဒီပုံပြင်လေးနဲ့အတူ ပေးလိုက်ချင်တဲ့ msgကတော့ ဘယ်အရာကိုမှ ကိုယ့်အတွေး ကိုယ့်အမြင်တစ်ခုထဲနဲ့ မသေချာသေးဘဲ မဆုံးဖြတ်လိုက်ပါနဲ့။
တစ်ချို့ ဆုံးရှုံးမှုတွေက အစားပြန်မရနိုင်လောက်အောင် တန်ဖိုးကြီးလို့ပါ။
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu