ဆွဲဆောင်မှု လျော့စေတဲ့ ဖက်ရှင်များ…
ကိုယ့်ရဲ့အသွင်အပြင်ကို ဖက်ရှင်ကျကျဆွဲဆောင်မှုရှိစေချင်တယ်ဆိုရင်တော့ ဒီလိုနည်းလမ်းတွေဆို မဖြစ်မနေသိထားသင့်ပါတယ်။
(၁) အမည်းရောင်ကဆွဲဆောင်မှုရှိတဲ့အရောင်ဖြစ်ပါတယ်။ အရောင်မှိန်နေတဲ့အမည်းရောင်ကို ဝတ်ဆင်မယ်ဆိုရင် ဆွဲဆောင်မှုရှိရှိလှပနိုင်ဖို့ ခဲယဉ်းသွားပါပြီ။
(၂) ဖွေးလက်နေတဲ့အဖြူရောင်မဟုတ်ဘဲ ဝါကျင့်ကျင့်အရောင်သန်းနေတဲ့အဖြူရောင်တွေက ဆွဲဆောင်မှု လျော့စေနိုင်ပါတယ်။
(၃) တချို့အင်္ကျီတွေက ခေါင်းကအမှုန်အမွှားတွေကျလာရင်တောင် မြင်နိုင်ပါတယ်။ ဒီလိုအဝတ်အစားတွေ ဝတ်မယ်ဆိုရင်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သတိပြုသင့်ပါတယ်။
(၄) မလိုအပ်ဘဲ Accessories တွေအများကြီးဝတ်ဆင်တာမျိုးရှောင်ပါ။ လက်ဝတ်ရတနာပစ္စည်းတွေ အများကြီး ဝတ်ဆင်တာက ဖက်ရှင်မကျဘဲ ဂွမ်းသွားစေနိုင်ပါတယ်။ ဒါကြောင့်ထင်ထင်မြင်မြင်ရှိမယ့် အရာတစ်ခုတလေ လောက်သာရွေးချယ်ဝတ်ဆင်ပါ။
(၅) မုတ်ဆိတ်ထားမယ်ဆိုရင်လည်း စတိုင်လ်ကျအောင်ပုံသွင်းမယ်ဆိုရင် ဖက်ရှင်ကျကျဆွဲဆောင်မှု ရှိစေနိုင်ပါတယ်။
(၆) မိတ်ကပ်လိမ်းတဲ့အခါ မျက်လုံးတဝိုက်အများကြီးလိမ်းခြယ်တာ၊နှုတ်ခမ်းနီအရောင်ရဲရဲဆိုးတာတွေက ဆွဲဆောင်မှုမရှိစေနိုင်ပါဘူး။