ကျန်းမာဖို့ မဖြစ်မနေစားသုံးသင့်တဲ့ အစားအစာအချို့…
ကျန်းမာစွာနဲ့အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အဓိကလိုအပ်တာကတော့အစားအစာပဲဖြစ်ပါတယ်။
ကိုယ်ခန္ဓာကျန်းမာစေဖို့ တစ်နေ့တာအတွက် စားသုံးသင့်တဲ့ အစားအစာတွေကို ပြောပြပေးလိုက်ပါတယ်။
(၁) ပေါင်မုန့်ကြမ်း
အဆီမပါတဲ့ပေါင်မုန့်ကြမ်းမှာ ဗီတာမင် B6 နဲ့ B9 တို့ပါဝင်ပါတယ်။ အာရုံကြောစနစ်တိုးတက်အားကောင်းလာ စေခြင်းနဲ့ ခုခံအားစနစ်တိုးတက်လာအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် စွမ်းအင်စနစ်ကိုမြင့်မားလားစေပါတယ်။ ပရိုတင်းဓာတ်ကတော့ ကြွက်သားတွေနဲ့အရိုးတွေကို သန်မာစေပါတယ်။ ပေါင်မုန့်ကြမ်းကို နှစ်သက်သလိုပြုလုပ်စားသုံးနိုင်ပါတယ်။
(၂) ဘလူးဘယ်ရီ
ဘလူးဘယ်ရီမှာတော့ အာဟာရဗီတာမင်များစွာပါဝင်ပါတယ်။ အသားအရေကျန်းမာရေးအတွက် အထောက်အပံ့ပေးပြီး အမြင်အာရုံချို့ယွင်းခြင်းကလည်း ကာကွယ်ပေးပါတယ်။
(၃) ထောပတ်သီး
ထောပတ်သီးမှာပါတဲ့ အာဟာရဓာတ်ကတော့ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ သွေးဖိအားစနစ်ကို ထိန်းပေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးပါတယ်။
(၄) မုန်လာဥနီ
မုန်လာဥနီတစ်နေ့တစ်ခုစားပေးမယ်ဆိုရင် ဆရာဝန်တောင်မလိုနိုင်ပါဘူး။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဗီတာမင်အေက ရောဂါကူးစက်မှုကို ခုခံပေးပါတယ်။
(၅) ငရုပ်ပွ
ငရုပ်ပွကတော့ ကိုလက်ထရောတွေကိုလျော့စေပြီး ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးက အသားအရေနဲ့ဆံပင်အတွက်လိုအပ်တဲ့အာဟာရကို ဖြည့်ပေးပါတယ်။
(၆) ကြက်ဥ
ကြက်ဥမှာပါဝင်တဲ့အာဟာရဓာတ်တွေက ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ဖို့အတွက် အထောက်အပံ့ ပေးနိုင်ပါတယ်။
(၇) ပဲသီး
ပဲသီးကတော့ ကာဘွန်ဟိုက်ဒရိတ်ကို မျှတစေပြီး ပရိုတင်းကတော့ဂလူးဂိုစ်ကို ထိန်းပေးပါတယ်။ ဆီးချိုသွေးချို သမားတွေအတွက် ပဲသီးကအကောင်းဆုံးအာဟာရဖြစ်ပြီး ပဲသီးဟာဆဲလ်အဟောင်းတွေကို ဆဲလ်အသစ်တွေအဖြစ် အစားထိုးပေးပါတယ်။