နာကျင်မှုတွေ ရှိနေလည်း
ပျော်အောင်နေတယ်
မပြည့်စုံမှုတွေ ရှိနေလည်း
ဘဝကို လှပအောင်ဖန်တီးတယ်
ကျရှုံးမှုတွေ ရင်ဆိုင်ရလည်း
ကိုယ့်ကိုယ်ကိုယ်တော့ မယိုင်လဲအောင်
အမြဲကြိုးစားတယ်
ဘာလို့လဲသိလား
ကိုယ်ဒုက္ခရောက်နေရင်
ကိုယ့်ဘဝရဲ့ ကယ်တင်ရှင်က
ကိုယ်ပဲလေ
ကိုယ်သွားမှ ခရီးရောက်မှာ