ဒီနေ့
ကိုယ်နဲ့တွေ့ကြုံခဲ့တိုင်းလူတိုင်း ကိုယ့်ကြောင့်မပျော်ရွှင်ရရင်တောင်မှ
မျက်ရည်မကျစေချင်ဘူး။
ဒီနေ့
ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်း တရားမျှတမှူမရှိခဲ့ရင်တောင်မှ
သူများဘဝကို မထိခိုက်စေချင်ဘူး။
ဒီနေ့
ကိုယ်ပြောခဲ့တဲ့ စကားလုံးတိုင်းက မုသားမကင်းရင်တောင်မှ
အခြားသူရင်ထဲကို မထိခိုက်စေချင်ဘူး။
ဒီနေ့
ကိုယ်ဖြတ်သန်းခဲ့တဲ့ နာရီစက္ကန့်တိုင်းမှာ အခြားသူကို မကူနိုင်ရင်တောင်မှ
အခြားသူဘဝကို တွန်းလှဲခဲ့သလို မဖြစ်စေချင်ဘူး။
ဒီနေ့
ကိုယ်သွားခဲ့တဲ့ခြေလှမ်းတိုင်းက အခြားသူအတွက် လမ်းပြမဖြစ်ခဲ့ရင်တောင် အခြားသူခြေထောက်ကို တက်မနင်းစေချင်ဘူး။
ဒီနေ့
ကိုယ်ကြည့်ခဲ့တဲ့အမြင်တွေက အခြားသူကို အကောင်းမမြင်နိုင်ရင်တောင် အထင်သေးတဲ့အမြင် မကြည့်စေချင်ဘူး။
ဒီနေ့
ကိုယ်ကြားခဲ့တဲ့ သတင်းအချက်အလက်တွေက အခြားသူတွေကို
အသိမတိုးရင်တောင် စိတ်ရူပ်ထွေးမှူ မဖြစ်စေချင်ဘူး။
ဒီနေ့
ကိုယ်ပြုမူခဲ့တဲ့ အပြုအမူတွေက အခြားသူကို မထိခိုက်စေခဲ့ဘူးဆိုရင်
ဒီနေ့မှစ၍ နေ့ရက်တိုင်းမှာ ဒီနေ့လိုပဲ ပျော်ရွှင်ချမ်းသာယာမှူအပေါင်း
ခညောင်းစေပါလိမ့်မယ်။
လူသားတိုင်း "ဒီနေ့ကိုသာ တန်ဖိုးထားခဲ့မယ်ဆိုရင်" မိမိရော
အခြားသူတွေပါ အေးချမ်းစေပြီး နေ့ရက်တိုင်းက မိမိအတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ စက္ကန့်မိနစ်တွေပါပဲ။