ဒါတောင် ဗန်းမောက်ဈေးမှာ တောကောင်သားရောင်းတဲ့ဆိုင်
တွေ ပိတ်ထားလို့၊ အရင်ဆို လိုချင်တာ
သွားဝယ်ရုံပဲ၊မေ့ကိုတေှာ့ဂျီ ( ချေ)သား
အ၀ကျွေးလိုက်တယ်၊ ချေ တစ်ကောင်
လုံးဝယ်ပြီး အခြောက်လှမ်းထားတာကို
ကြော်ချက် မီးဖုတ် အမျိုးမျိုး လုပ်ကျွေး
ကြတာပဲ၊အပြန်ထည့်ပေးဖို့လည်း ပြင်နေလေရဲ့၊
ပြည်မက အဆက်အသွယ် တွေ
ဆေးမြစ်ဆေးရွက် လှမ်းမှာရင် တူးရောင်း
ကြတာလည်း ရှိတယ်၊
ူကတူးရိုးရာယဉ်ကျေးမှု အဖွဲ့တွေကတော့
ရိုးရာယဉ်ကျေးမှုမပျောက်အောင်
ကြိုးစားထိန်းသိမ်းနေကြပါတယ်
လေးစားစရာကောင်းပါတယ်
အခု မေ တင်ထားတဲ့
ပုံတွေက စက်တောရွာက မြသိန်းတန် စေတီပါ၊
စောင်းတန်းအခြေကနေ
ဖူးမြော် ခဲ့ပါတယ်၊နေထွက်လာတာနဲ့
အမှတ်တရ ရိုက်လိုက်မိသေးတယ်
ထူးထူးခြားခြား အဲဒ်ီနားမှာ ထန်းပင်တွေနဲ့
လမ်းဘေးမှာ ထန်းရည်ရောင်းတဲ့
တဲတွေ တွေ့ရတယ်
ကျန်တဲ့နေရာ အနှံ့အပြား ကတော့
ကျွန်းတောကြီးတွေနဲ့ စိမ်းညို့နေတာပဲ
မြို့ပြတွေနဲ့ ခြားနားချက်က ဆိုင်ကယ် ကား အရမ်းမများဘူး ၊လေက အမြဲအေးနေတယ် ၊စကားပြောရင် အသံက
လေးလေးနဲ့ဆွဲပြောတတ်ပေမယ့်
အသံကျယ်တယ်၊ စကားဆုံးရင်
ညယ် မောင် တို့ ထည့်သုံးတော့ နား
ထောင်လို့ကောင်းတယ်၊
.
photo credit:google