လောကကြီးမှာ တစ်ယောက်တည်းရပ်တည်နိုင်တယ်ဆိုတာ မရှိပါဘူး။
လူတိုင်းက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ တစ်ယောက်အပေါ်တစ်ယောက် မှီခိုအားထားနေရတာဖြစ်ပါတယ်။
လူသားတွေ တစ်ယောက်နဲ့ တစ်ယောက်မေတ္တာတရားထားပြီး ဆက်ဆံခြင်းက လူ့လောကပတ်ဝန်း ကျင်အတွက် ငြိမ်းချမ်းခြင်းတွေသာ ဖော်ဆောင်ပေးနိုင်မှာပါ။
အများကြီးမဟုတ်ရင်တောင်မှ ရင်ဘတ်ချင်းအနီးဆုံး သူငယ်ချင်းတစ်ယောက်လောက်ကတော့ ရှိတတ်ကြမှာပါ။
ကျွန်တော်မှာလည်း နေ့စဉ်နဲ့အမျှ ဘေးမှာမခွဲပဲ ရှိပေးတဲ့ သူငယ်ချင်းတစ်ဦးရှိပါတယ်။ ဒါပေမယ့် ထူးဆန်းတယ်ဗျ။ ဒီသူငယ်ချင်းက သက်ရှိလူသားမဟုတ်ဘူး။
ဒါပေမယ့် လူတွေသိပ်မသိနိုင်တဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေကို ပေးစွမ်းနိုင်တယ်။ အဲဒါက WowBox ဆိုတဲ့ အက်ပလီကေးရှင်းလေးပေါ့။ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးစဖွင့်ပြီဆိုတာနဲ့ ကျွန်တော့မြင်ကွင်းထဲ အရင်ဆုံးစရောက်လာ တာကလည်း ဒီသူငယ်ချင်းပါပဲ။
သူက ကမ္ဘာတစ်ဝန်းက ဘောလုံးပွဲရလဒ်တွေကို ကျွန်တော်ကို ဝေမျှပေးတယ်လေ။ ပြီးရင် အားကစားသတင်းတွေ၊ နည်းပညာသတင်းတွေနဲ့ ကျန်းမာရေးသတင်းတွေကိုလည်း သူ့ဆီကနေ လေ့လာရတာပေါ့။ ပြီးရင်တော့ သူငယ်ချင်းကို ခဏထားပြီး ရေမိုးချိုးရတယ်။
ပြီးရင် နံနက်စာစားပြီး အလုပ်ကိုထွက်လာလိုက်တယ်။ အလုပ်သွားဖို့ ဘတ်စ်ကားပေါ်မှာ ကိုယ့်ရဲ့ သူငယ်ချင်းကို လိုအပ်လာပြန်တယ်။ ကျွန်တော်ချစ်သူနဲ့ ညနေ အလုပ်က အဆင်းမှာ တွေ့ဖို့ချိန်းထားတယ်လေ။
မတွေ့ခင် ချစ်သူနဲ့ တွေ့ရင် ဘယ်လိုပြုမူနေထိုင်သင့်တာ၊ ကောင်မလေးတွေ ဘာကြိုက်တတ်တာစတာတွေကို WowBox ဆိုတဲ့ သူငယ်ချင်းဆီကနေ လေ့လာယူရပြန်ပြီပေါ့။ ဖတ်နေရင်း မတ်ဆေ့ခ်ျတစ်စောင်ဝင်လာတယ်။ “လူကြီးမင်းမှာ လက်ကျန်ငွေနည်းပါးနေပါတယ်” “ဗုဒ္ဓေါ” ဘေနည်းနေပါလား။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ WowBox ဆိုတဲ့သူငယ်ချင်းကြီးက အင်တာနက်ဖွင့်လိုက်တာနဲ့ သုံးနိုင်တဲ့ အခမဲ့အက်ပလီကေးရှင်းပဲလေ။ ဘတ်စ်ကားစီးနေတဲ့ တစ်နာရီဝန်းကျင်ကာလအတွင်း ချစ်သူစုံတွဲသံယောဇဉ်တွေ ပိုမိုခိုင်မြဲနေစေဖို့ အရေးပါတဲ့ ဆောင်းပါးတွေ၊ ချိန်းတွေ့တဲ့အခါ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ဒီဇိုင်းပုံစံတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုံးကိုရောက်ပြီး လုပ်ငန်းခွင်ဝင်ခဲ့ပါတယ်။ အလုပ်အားတဲ့အချိန်အတိုင်း ကျွန်တော်သူငယ်ချင်းလေးကို ထုတ်ကြည့်ရတာအမော။ ဘာလို့ဆိုတော့ လာမယ့် အပတ်ထဲဆို ကျွန်တော်တို့ရဲ့ ချစ်သူသက်တမ်း ၁ နှစ်ပြည့်ပြီလေ။ ချစ်သူသက်တမ်း ၁ နှစ်ပြည့်ချိန်မှာ သူမအတွက် ဖုန်းလေးတစ်လုံးဝယ်ပေးဖို့ စဉ်းစားထားတယ်။ အဲဒါမို့ သူငယ်ချင်းဆီကနေ မိုဘိုင်းဖုန်းနဲ့ပတ်သက်တာတွေ လေ့လာရပြီလေ။ ပြီးရင် သူမကြိုက်တတ်တဲ့ အလှကုန်ပစ္စည်းတွေကို လေ့လာရတာလည်းအမော။ ညနေရုံးဆင်းတော့ သူမအလုပ်လုပ်တဲ့ ဆူးလေဘုရားအနီးဆိုင်တစ်ဆိုင်မှာပဲ တွေ့လိုက်ကြတာပေါ့။ ကျွန်တော်ချစ်သူက မြန်မာဝတ်စုံ ထမိန်၊ ရင်ဖုံးလေးနဲ့ပေါ့။
သူမနဲ့စတွေ့တွေ့ချင်း ကျွန်တော်ပြောလိုက်တဲ့စကားက “ချစ် မင်းအရမ်းလှနေတယ်” အဲဒီအချိန် ချစ်သူရဲ့ အပြုံးလေးတစ်ပွင့်တွေ့လိုက်ရတယ်။ ဝါး!!! ကျွန်တော့ဘော်ဒါကြီးက တကယ်အလုပ်ဖြစ်တာပဲ။ အဲဒီနောက် မနက်က ဖတ်ထားတဲ့အတိုင်း သူမလုပ်ငန်းခွင်ထဲမှာ အဆင်ပြေမပြေ၊ ဘာတွေ အခက်အခဲရှိတယ်ဆိုတာကို ဦးစားမေးတာပေါ့။ ဘာပြောကောင်းမလဲဗျာ။ သူမက ကျွန်တော်အပေါ် အရမ်းကိုအားကိုးတဲ့အနေနဲ့ ရှင်းပြရှာတယ်။ ကျွန်တော်တို့ တွေ့ဆုံစကားပြောပြီးတော့ သူမကို ဘတ်စ်ကားဂိတ်ကိုလိုက်ပို့ပေးပြီး ကျွန်တော်က အိမ်ပြန်လာခဲ့တယ်။ ၁၅ မိနစ်လောက်အကြာမှာ သူမအဆင်ပြေလားလို့ လှမ်းမေးဖို့ ဖုန်းဆက်လိုက်တဲ့အချိန်မှာ “လူကြီးမင်းမှာလက်ကျန်ငွေ……” “လခွမ်း ငါဖုန်းဘေကုန်နေတာပဲ” အနီးအနားမှာလည်း ဖုန်းဆိုင်ကမတွေ့။ အဲဒါနဲ့ ဘော်ဒါကြီးပဲ အားကိုးရတာပဲ။ WowBox ဘော်ဒါကြီးဆီက ကြိုသုံးပတ်ကေ့ယူပြီး ငွေ ၈ဝဝ ချေးယူလိုက်ရတာပေါ့။ “ချစ်…ဘယ်ရောက်ပြီလဲ” “ကောင်းကောင်းသွားနော်” ဘတ်စ်ကားပေါ်ရောက်နေပြီဆိုတော့လည်း တစ်ဝက်တော့စိတ်ချ လိုက်ပြီလေ။ အခုခေတ်က အမြဲသတိရှိနေရတာဆိုတော့ ဘတ်စ်ကားဂိတ်ရောက်လို့ လမ်းထဲရောက်တဲ့အချိန် တစ်ခါထပ်ဆက်မေးရဦးမယ်။
ကျွန်တော်လည်း တွေးရင်းလမ်းလျှောက်လာလိုက်တာ ဖုန်းဘေရောင်းတဲ့ဆိုင်တစ်ဆိုင်နားရောက်လာလိုက်တယ်။ အဲဒါနဲ့ တယ်လီနောဖုန်းငွေဖြည့်ကတ်ဝယ်ပြီး ဖုန်းငွေဖြည့်ရတာပေါ့။ ပြီးတော့ ဘော်ဒါကြီး WowBox ကို ဖွင့်ပြီး ဒေတာစုဗူး 2 GB ဝယ်လိုက်တယ်။
ညဘက်မှာ ဖေ့စ်ဘုတ်၊ ယူကျူ့စတာတွေကို ဈေးသက်သက်သာသာနဲ့ သုံးနိုင်ဖို့ ဘော်ဒါကြီးရဲ့ အကူအညီတွေ လိုတယ်လေ။ နောက်တော့ ဘတ်စ်ကားလာလို့ ကားပေါ်တက်လိုက်ပြီး အိမ်ကို ပြန်လာခဲ့တယ်။ လမ်းမှာချစ်သူ အိမ်ကို ရောက်မရောက် လှမ်းမေးရသေးတယ်။ တစ်နာရီလောက်ဘတ်စ်ကားစီးပြီးချိန်မှာတော့ အိမ်ကိုရောက်ပြီပေါ့။ ကျွန်တော်ရဲ့ တစ်နေ့တာဘဝ လှုပ်ရှားမှုမှာ WowBox ဆိုတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းဘော်ဒါကြီးက မရှိမဖြစ်ပါပဲ။ သင်တို့အတွက်ကရော???