Wowbox ပရိသတ်တွေထဲမှာ အိမ်မွေးတိရစာ္ဆန်လေးတွေကို ချစ်မြတ်နိုးသူတွေလည်း ပါမှာပါနော်။
အိမ်မွေးတိရစာ္ဆန်လေးတွေဟာ အိမ်မှာတစ်ယောက်တည်းနေတာဖြစ်ဖြစ် ၊ အကြောင်းကြောင်းကြောင့် အိမ်မှာ တစ်ယောက်တည်းရှိနေတဲ့အခါမျိုးမှာ စိတ်ကို အပန်းပြေစေသလို အပျင်းပြေမှုလည်းရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ချစ်စရာကောင်းတဲ့ ကမ္ဘာပေါ်က အိမ်မွေးတိရစာ္ဆန်လေးတွေအကြောင်း ပြောပြချင်ပါတယ်။
၁။ ပါရှားကြောင် (Persian Cats)
ဒီကြောင်လေးတွေကတော့ ရှည်လျားတဲ့အမွှေးအမှျင်တွေရှိပြီး မျက်နှာ၀ိုင်းကာ နှုတ်ခမ်းတိုပါတယ်။ သူတို့ကို Persian Longhair လို့လည်းလူသိများကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ဒီကြောင်လေးတွေကို Iranian cat အများစုက သိရှိကြပြီး အီရန်မှာတော့ Shirazi cat လို့ သိကြပါတယ်။ ဒီပါရှားကြောင်လေးတွေကို ၁၈၇၁ ခုနှစ် လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ကြောင်ပြပွဲမှာ ပထမဆံုးအကြိမ်စတင်ပြသခဲ့တာလည်းဖြစ်ပါတယ်။ ရှင်သန်နိုင်မှု သက်တမ်းကတော့ အသက် ၁၅ နှစ်ထိဖြစ်ပါတယ်။
၂။ ဖီနပ်စ်မြေခွေး (Fennec Fox)
ဒီတိရစာ္ဆန်လေးတွေဟာ ညမှာကျက်စားတဲ့ သေးငယ်တဲ့မြေခွေးတိရစာ္ဆန်အမျိုးအစားဖြစ်ပါတယ်။ မြောက်အာဖရိကမှာရှိတဲ့ ဆာဟာရာဒေသမှာ တွေ့ရှိရပါတယ်။ သူတို့မှာ ကြီးမားတဲ့နားရွက်တွေရှိပါတယ်။ သူတို့ရဲ့ အမည်အခေါ်အေ၀ါ်ကတော့ အာရဗီစကားကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိကစားသောက်တဲ့အစားအစာကတော့ အင်းဆက် ၊ နို့တိုက်တိရစာ္ဆန်သေးသေးလေးတွေနဲ့ ငှက်တို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ရှင်သန်နိုင်မှုသက်တမ်းကတော့ ၁၄ နှစ်၀န်းကျင်ထိ ဖြစ်ပါတယ်။
၃။ ရွှေယုန် (Bunnies)
ဒီတိရစာ္ဆန်လေးတွေကတော့ တစ်နှစ်ကို အကောင်ရေ ၉ ကောင်လောက်ထိ မွေးဖွားနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ သေးငယ်တဲ့ နို့တိုက်သတ္တ၀ါအမျိုးအစားလည်းဖြစ်ပါတယ်။ ရွှေယုန်လေးတွေဟာ ကြောင်နဲ့ ခွေးတွေလိုပဲ မိသားစုနဲ့ သိုက်သိုက်၀န်း၀န်းရင်းရင်းနှီးနှီးနေတတ်တဲ့ တိရစာ္ဆန်အမျိုးအစားဖြစ်ပါတယ်။ သူတို့မှာ သေးငယ်တဲ့သွားလေးတွေပါရှိသလို ပံုစံလေးတွေကလည်း အမျိုးမျိုးရှိပါတယ်။
၄။ ပိုမာရေးနီးယမ်းခွေး (Pomeranian Dogs)
ဒီခွေးလေးတွေကို Pom ဒါမှမဟုတ် Pom Pom လို့လည်း ခေါ်ေ၀ါ်ကြပါတယ်။ အကောင်အရွယ်အစား သေးငယ်တဲ့အတွက် အရုပ်ခွေးလေးတွေနဲ့လည်း ဆင်တူပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကတော့ ၄ ပေါင်ကနေ ၇ ပေါင်လောက်ထိ ရှိပါတယ်။ အရပ်အမြင့်ကတော့ ၈ လက်မလောက်ရှိပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်လောက်ထိ သက်တမ်းရှိပါတယ်။
၅။ ပန်ဒါနီ (Red Pandas)
ဒီတိရစာ္ဆန်လေးတွေကို lesser panda ၊ red bear-cat နဲ့ red cat-bear လို့လည်း ခေါ်ဆိုကြပြီး နို့တိုက်သတ္တ၀ါအမျိုးအစားဖြစ်ပါတယ်။ ဟိမာလာရာအရှေ့ပိုင်း နဲ့ တရုတ်နိုင်ငံအနောက်တောင်ဘက် ဒေသတွေက သူတို့ကျက်စားရာဒေသဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အရောင်ကတော့ နီညိုရောင်လေးတွေရှိပြီး ရှည်လျားတဲ့ အမွှေးအမှျင်တွေရှိကာ အရှေ့ခြေထောက်တွေကတော့ တိုပါတယ်။ ဥ ၊ ငှက်နဲ့ အင်းဆက်တွေကိုသာ စားသောက်ပါတယ်။ အထီးဆိုရင် ၈ ပေါင်ကနေ ၁၄ ပေါင်၀န်းကျင် ၊ အမဆိုရင် ၆ ပေါင်ကနေ ၁၃ ပေါင်၀န်းကျင်ထိ အလေးချိန်ရှိပါတယ်။