ပုလဲလေးတွေကို အလှအပအတွက် တန်ဖိုးကြီးရတနာအဖြစ် ဝတ်ဆင်လေ့ရှိကြပါတယ်။
ကမာကောင်လေးတွေရဲ့ မျက်ရည်ကနေ တန်ဖိုးကြီးပုလဲတွေကို ထုတ်ယူရရှိနိုင်တာပါ။
ပရိသတ်တွေအတွက် ဒေါ်လာသန်းချီတန်တဲ့ ပုလဲအချို့အကြောင်းကို ပြောပြပေးလိုက်ပါတယ်။
(၁) Beauty of Ocean Pearl
image
ဒီပုလဲကိုတော့ ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံမှာ ချပြခဲ့တာဖြစ်ပါတယ်။ ဒီပုလဲရဲ့အလေးချိန်ဟာဆိုရင် ၆တန် လေးပြီး အမြင့်ကတော့ ငါးပေးခန့်ရှိပါတယ်။
လူတွေဖန်တီးထားတဲ့ ပုလဲအမျိုးအစားတစ်ခုဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ကဆိုရင်တော့ ဒေါ်လာ ၁၃၉ သန်းတန်ဖိုးရှိပါတယ်။
(၂) La Peregrina
image
La Peregrina ကတော့ စပိန်နာမည် ဖြစ်ပြီး Philip II ဆိုပြီးတော့ လူသိများပါတယ်။ ဒီပုလဲလည်ဆွဲဟာ ဆိုရင်တော့ ပန်းခက်ပံုစံတွေနဲ့့ အလှဆင်ထားတာဖြစ်ပြီး တန်ဖိုးအားဖြင့်တော့ ဒေါ်လာ ၁၁.၈သန်း တန်ဖိုး ရှိပါတယ်။
(၃) Baroda
image
ပုလဲအရေအတွက်ပေါင်း ၆၈လံုးနဲ့ပြုလုပ်ထားတာဖြစ်ပြီး အချင်းအားဖြင့် ၁၀မီလီမီတာကနေ ၁၆ မီလီမီတာအထိ ကျယ်ပါတယ်။
ပုလဲလည်ဆွဲနှစ်ခုကို စိန်ကလစ်လေးနဲ့ဆက်ထားတာဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ကတော့ ဒေါ်လာ ၇.၁ သန်းတန်ပါတယ်။
(၄) Big Pink
image
ပင်လယ်ခရုခွံပုလဲကို ၁၉၉၀ ခုနှစ် မှာရေငုပ်သမား Wesley Rankin ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၄၇၀ ကာရက်လေးပြီး အရောင်က ပန်းရောင်သန်းနေတာဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်မှာ အဲဒီပုလဲတန်ဖိုးက ဒေါ်လာ ၄.၇ သန်းတန်ဖိုး ဖြစ်ခဲ့ပါတယ်။ ကမာ္ဘ့အကြီးဆံုး ပင်လယ်ခရုခွံပုလဲ အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။