သားအတွက်အနာဂတ်
မိဘရယ်လို့ဖြစ်လာရင် ကိုယ့်သားသမီးအတွက်ရှေ့ရေးကိုကြိုပြီးတွေးထားရပါတယ်။
သားသမီးတိုင်းအတွက်ရွှေရောင်လွှမ်းတဲ့အနာဂတ်ကိုပဲလိုချင်ကြတာမိဘတိုင်းရဲ့အတ္တပါ။
ကျွန်တော်ကတော့ ကျွန်တော့်ရဲ့သားအတွက်အများကြီးမျှော်လင့်ပါတယ်။
ခုကတည်းကပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေပါတယ်။
သားအတွက် Future Plan ကို ဆွဲပြီးသားပါ။
မိတ်ဆွေတို့လည်းလိုအပ်မယ်ထင်ရင်ယူသုံးလို့ရပါတယ်။
ကျွန်တော်ရဲ့သားကို အူနီဘာစီတီ တွေ ဘာတွေ မတက်ခိုင်းပါဘူး။
၁၀ တန်းတော့ အောင်ရပါစေမယ်။
၁၀ တန်းကို မသေရုံတမည်အောင်ရင်ကို ကျေနပ်ပါတယ်။
၁၀ တန်းအောင်ရင် အဝေးသင်တက်ခိုင်းပါမယ်။
အဝေးသင်တက်လို့ နှစ်ပြည့်ရင် သူ့မှာ ဘွဲ့ဆိုတာကြီး ရလာပါလိမ့်မယ်။
အဲဒီအခါမှာ သူ့ကို ကျတော် လုပ်ငန်းခွင် ဝင်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါမယ်။
အစိုးရအလုပ်တွေ၊ကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်တာကို ခွင့်ပြုမှာမဟုတ်ပါဘူး။
အဲဒီထက်လစာကောင်းတဲ့၊ရာထူး၊အာဏာ၊ပါဝါ ရှိတဲ့အလုပ်ပဲလုပ်စေပါမယ်။
အဲဒီအချိန်မှာ လူထုအကြားခေတ်စားနေမယ့် ပါတီတစ်ခုမှာချဉ်းကပ်ခိုင်းပါမယ်။
ရွေးကောက်ပွဲတွေဘာတွေဝင်ပြိုင်ခိုင်းပါမယ်။
အနိုင်ရလာတဲ့အခါကျတော့ သူ့ကိုအိမ်ခေါ်ပြီး ပေးစရာရှိတာတွေပေးပါမယ်။
သူ့အတွက်ငယ်ငယ်ကတည်းကကြိုပြီးစုဆောင်းထားတဲ့ပစ္စည်းလေးတွေကို ဂုဏ်ပြုပေးအပ်မှာပါ။
သူ့ကိုလည်းတစ်ခါတည်းမှာလိုက်ပါမယ်။
"ငါ့သား အဲဒီပစ္စည်းတွေကို သေချာသိမ်းဆည်းပါ။
တန်ဖိုးထားပါ။
မပျောက်ပျက်ပါစေနဲ့။
ရှေ့လျှောက် မင်း ဒီပစ္စည်းလေးတွေနဲ့ လုပ်ကိုင်စားသောက်ရတော့မှာ။
အဲဒါကိုကြိုသိလို့ မင်းငယ်ငယ်ကတည်းက အဖေ စုဆောင်းထားတာ " ဆိုပြီး သူ့ကို ပေးအပ်ပါမယ်။
သူ့ကိုပေးမယ့်ပစ္စည်းကထွေထွေထူးထူးတော့မဟုတ်ပါဘူး။
#ကတ်ကြေးတစ်လက်နဲ့
#တိုက်ပုံအင်္ကျီ တစ်စုံပါပဲ။