သမ္မတဦးထင်ကျော် ရာထူးကနေ အနားယူသွားတယ်။
သွင်ပြင်လက္ခဏာအရ သမ္မတကြီးဟာ အခုနှစ်အပိုင်းအခြားအတွင်းမှာ ကျန်းမာရေးထိခိုက်လာတာ သိသာပါတယ်။
ဘာအလုပ်မှ မလုပ်တဲ့ သမ္မတတို့၊ ဘာအသံမှမထွက်တဲ့ သမ္မတတို့၊ လစာတွေပြန်ပေးသင့်တာတို့
အောက်ကလိအာနေလို့ မေးပါရစေ။
အာဏာဆိုတာ လူကို သိပ်ပြောင်းလဲစေတဲ့အရာ
သမ္မတလို ရာထူးအာဏာမျိုးကို အိမ်ဖြည့်ရုံထားဖို့ဆိုတာ ဘယ်လောက်အန္တရာယ်များလဲ သိသာပါတယ်။
ဒီလိုအန္တရာယ်များ သတိကြီးကြီးထားရတဲ့ နေရာမှာ
ဦးထင်ကျော်ကို ထားလိုက်တယ်ဆိုတာ ဦးထင်ကျော်ဟာ ဘယ်လောက်ယုံကြည်စိတ်ချရတဲ့လူလဲဆိုတာ မြင်သာပါတယ်။
တာဝန်ထမ်းဆောင်စဉ်ကာလမှာလည်း ဒီအရမ်းအရေး ကြီးတဲ့ ရာထူးနေရာကနေ ဘာပေါက်တတ်ကရ ဗရမ်းဗဒါမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် သူ့လုပ်ပိုင်ခွင့်ထဲက လုပ်ဆောင်သွားတဲ့လူ။
ဘယ်သူကိုမှ ဒုက္ခမပေး၊ ပြည်သူဆီက မခိုးမဝှက်ဘဲ
ဆက်လက်မလုပ်ဆောင်နိုင်တဲ့အခါ သူ့ဘာသာ အေးအေးသက်သာ အနားယူသွားတဲ့လူ။
ဒီလိုလူမျိုးကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတော့
အေး... ဆင်းသွားတာနဲ့ ခြံဧကတွေအများကြီး
ပိုင်သွားတဲ့လူမျိုး ပြန်ခေါ်ပေးရမလား။
ကိုယ်ကတော့ သမ္မတကြီးဦးထင်ကျော်ကို ကျေးဇူးတင်တယ်။
ဘာမှ ပေါက်တတ်ကရမပြောဘဲ အေးဆေးဆင်းသွားလို့။
တော်ကြာ ဟိုလူတွေလို ပေါက်ကရတွေ တစ်ခေါက်ပြီးတစ်ခေါက်ပြောနေတာရင် အမေ ရှင်းလို့ကို ပြီးမှာ မဟုတ်ဘူး။
အသံမထွက်လို့ စိတ်ပျက်တယ်ဆိုတော့ကာ
ယူတို့က မိဘပြည်သူများခံဗျားလေး ကြားချင်တယ် ဆိုပါတော့
ငိ