လောက၌ မည်သည့်အမှုကိစ္စ အလုပ်အကိုင်တွင်မဆို အောင်မြင်စေရန်ဇွဲရှိဖို့ လိုသည်။ဇွဲဟူသည် ဘဝခရီး တစ်လျှောက် လျှောက်လှမ်းသည့် အခါ အလုပ်ကြီးအကိုင်ကြီးတို့ ကို လုပ်ကိုင်သည့်အခါတွင် အောင်မြင်ရန် လုပ်ဆောင်နိုင်ရန် ပြီးဆုံးသည့်အထိ ရောက်ရန် အလိုအပ်ဆုံး အရာမှာ ဇွဲပင်ဖြစ်သည်။ထို့ကြောင့် ဇွဲ၏ သဘောသဘာဝမှာ ပြီးဆုံးသည့်ဘဝ ရောက်ရှိရန် လိုအပ်ချက် အရာတစ်ခုရှိသင့်သော အရေးကြီးဆုံး အရာတစ်ခုပင် ဖြစ်ပါသည်။ လူကိစ္စများတွင် အောင်မြင်ရန် ဇွဲသည် အရေးကြီးလှပါသည်။မည်သူမဆို အစ၌ ကောင်းသူချည်းဖြစ်သည်။မည်သူမဆို အကြောင်းကိစ္စအသစ် တစ်စုံတစ်ရာ ကို ဆောင်ရွက်ရန်ရှိလျှင် မည်မျှလောက်အမှုကိုမဆို အမှုမထား မည်မျှကြာရှည်စွာ လုပ်ရစေကာမူ အရေးမကြီး မည်မျှ ခက်ခဲစေကာမူ ဂရုမစိုက်ဟုသော သဘောထားရှိသည်။ သို့ သော် အောင်မြင်ခြင်းအဆုံးသို့ ရောက်အောင် လုပ်ဆောင် နိုင်သူမှာ အလွန်ရှားပါးလှပါသည်။