တစ်ခါတုန်းက စာသင်ခန်းတစ်ခုထဲမှာ
ပရော်ဖက်ဆာကြီး တစ်ယောက်ဟာ ရေထည့်ထားတဲ့
ဖန်ခွက်တစ်ခွက်ကို ကိုင်ထားပြီး ကျောင်းသားတွေရှေ့မှာ
ရပ်နေခဲ့ပါတယ်။
Google
သူက ရေဖန်ခွက်ကို အားလံုုး မြင်အောင်
မြှောက်ပြလိုက်ပြီး “ဒီဖန်ခွက် ဘယ်လောက်လေးမယ်
ထင်လဲ” လို့ မေးလိုက်ပါတယ်။ ကျောင်းသားတွေကလည်း
၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၁၂၅ ဂရမ် အစရှိသဖြင့် အပြိုင်အဆိုင်
ခန့်မှန်းပြီး ဖြေကြ ပါတယ်။ ဒီအချိန်မှာ ပရော်ဖက်ဆာကြီးက
“ငါမချိန်သေးရပဲနဲ့ အလေး ချိန် အတိအကျကိုတော့
ပြောနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဓိက ငါပြောချင်တာ
က ဒီဖန်ခွက်ကို မိနစ်အနည်းငယ်ကြာအောင် ငါ ကိုင်ထား
ရင် ဘာဖြစ်မလဲ” လို့ မေးလိုက်ပါတယ်။ ကျောင်းသား
တစ်ဦး က “ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး”လို့ ဖြေပါ
တယ်။ “အိုကေ ဒါဆိုရင် ငါတစ်နာရီကြာအောင် ကိုင်ထား
ရင်ရော ဘာဖြစ်မလဲ” လို့ ပရော် ဖက်ဆာကြီးက ဆက်မေး
လိုက်ပါတယ်။ ကျောင်းသားထဲက တစ်ဦးက “ဆရာကြီး
လက်ညောင်းပြီး ကိုက်လာပါလိမ့်မယ်” လို့ ဖြေပါတယ်။
အဲ့ဒီတော့မှ ဆရာကြီးက “မင်းပြောတာ မှန်ပါ
တယ်။ ငါတစ်နေ့လံုးကိုင်ထားရင်ရော ဘာဖြစ်မယ်ထင်လဲ”
လို့ ဆက်မေးပါ တယ်။ “ဆရာကြီးလက်တွေ ထံုကျင်ပြီး
အကြောသေသွားနိုုင်ပါတယ်။ ဆေးရံုကို သေချာပေါက်
သွားရနိုုင်ပါတယ်”လို့ ကျောင်းသားတစ်ဦးက ဖြေပါတယ်။
အဲ့ဒီအဖြေကိုကြားတော့ အခြားကျောင်းသားတွေလည်း
ပွဲကျသွားပြီး ထရယ်ကြပါတယ်။ ဆရာကြီးက “ကောင်းပြီ..
ဒီတော့ အခုငါပြောသွားတဲ့အချက်တွေထဲမှာ ဖန်ခွက်ရဲ့
အလေးချိန်ပြောင်းလဲ သွားတာပါလား” လို့ မေးလုိုက်ပါ
တယ်။ ကျောင်းသားအားလံုးက လည်း တညီတညွတ်ထဲ
“မပြောင်းလဲပါဘူး ဆရာကြီး” လို့ ဝိုင်းပြီး ဖြေကြပါတယ်။
“ဒါဆိုရင် ငါ့ကို အဓိက နာကျင်စေတာက ဘာလဲ” လို့
ဆရာကြီးက မေးခွန်းထုတ်လိုက်ပါတယ်။ ကျောင်းသား
တွေလည်း ရုတ်တရက် ကြောင်သွားပါတယ်။ ဆရာကြီး
က မေးခွန်းကို လွယ်သွား အောင် “ငါမနာချင်ရင် ဘာ
လုပ်ဖို့လိုလဲ” လို့ ပြောင်းမေးလိုက်ပါတယ်။ ဒီတော့မှ
ကျောင်းသားတွေက “ကိုင်ထားတဲ့ ဖန်ခွက်ကို ချလိုက်
ရံုပါပဲ” လို့ ဖြေလာပါတယ်။
“မှန်လိုက်လေ” ဆိုပြီး ဆရာကြီးက နှစ်ထောင်းအားရ
ပြောပါ တယ်။ “ဘဝမှာရှိတဲ့ ပြဿနာတွေကလည်း
တကယ်တော့ ဒီဖန်ခွက် လိုပဲကွဲ့။ မိနစ်အနည်းငယ်ကြာ
အောင် ခေါင်းထဲထည့်ထားရင် အဆင် ပြေသေးတယ်။
ဒါပေမယ့် အချိန်အကြာကြီး ထည့်ထားရင်တော့ အဲ့ဒီ
ပြဿနာတွေက ကိုယ့်ကို နာကျင်အောင် စလုပ်ပါလိမ့်
မယ်။ အချိန် အကြာကြီးခေါင်းထဲမှာ ထည့်ထားလေ
ပိုဆိုးလေပဲ။ အကြာကြီး ဖန်ခွက်ကို ကိုင်ထားရင်
လက်အကြောထံုသွားနိုုင်သလို ပြဿနာတွေ ကို
အကြာကြီး ခေါင်းထဲထည့်ထားရင် စဥ်းစားနိုင်စွမ်းတွေ
ပါ ထံုသွား တတ်တယ်။ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ
က နေ့စဥ်ဘဝမှာ ရှိနေမှာပဲ ဒါပေမယ့် မိုးချုပ်လို့
အိပ်စက်တဲ့အချိန်ကျရင်တော့ အဲ့ဒါတွေကို ခေါင်းထဲ
ကနေ ထုတ်ပစ်ဖို့ လိုတယ်။ ဒါမှ နောက်မနက်နိုးလာ
ရင် စိတ်ဖိစီးမှု မရှိပဲနိုးလာမှာပါ။ မနက်တိုင်း လန်းလန်း
ဆန်းဆန်းနဲ့ နိုးလာ ပြီး ဘဝရဲ့ ပြဿနာအသစ်တွေ၊
စိန်ခေါ်မှု အသစ်တွေကို ကောင်းမွန် စွာ ကိုင်တွယ်
ဖြေရှင်းနိုုင်မှာ ဖြစ်ပါတယ်။” လို့ ပရော်ဖက်ဆာကြီးက
ကျောင်းသားတွေကို ရှင်းပြခဲ့ပါတယ်။
Google
ကျွန်တော်လည်း သာမန်လူ
မို့ ဒေါသထွက်ပါတယ်။ စိတ်အနှောက်အယှက်
ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆံုး အဲ့ဒီ
မကောင်းတဲ့ အရာကြီးကို အကြာကြီး ဆုပ်ကိုင်
မထားမိအောင် ကြိုးစားပါတယ်။ ဒီနေ့ကစပြီး
သင်လည်း ဖန်ခွက်ကြီးကို အညောင်းခံပြီး
အကြာကြီး မကိုင်ထားနဲ့တော့နော်။