သူတပါးရဲ့အမှားကိုထောက်ပြဖို့ကလွယ်တယ် ကိုယ့်ရဲ့အမှားကိုပြန်မြင်ဖို့ကတော့ခက်တယ်
မစဥ်းစားဘဲလွှတ်ခနဲပြောလိုက်ဖို့ကတော့လွယ်တယ် သင့်လှျာကိုထိန်းသိမ်းထားဖို့ကတော့ခက်တယ်
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကိုနာကျင်အောင်လုပ်ဖို့ကလွယ်တယ် အဲ့ဒီနာကျင်မှုကိုကုစားပေးဖို့ကခက်တယ်
တပါးသူကိုခွင့်လွှတ်ပေးဖို့ကလွယ်တယ် ခွင့်လွှတ်ဖို့အတွက်ကိုယ်တိုင်တောင်းပန်ရတာကခက်တယ်
google
စည်းမျဥ်းတွေချမှတ်တာကလွယ်တယ် အဲ့ဒါတွေကိုလိုက်နာဖို့ကသာခက်တာ
ညတိုင်းညတိုင်းအိမ်မက်မက်တာကလွယ်ကူတယ် အဲ့ဒီအိမ်မက်ကို အကောင်အထည်ဖော်ဖို့ကခက်တယ်
ဘ၀မှာ ကျောက်တုံးကိုခလုတ်တိုက်မိသလိုမျိုးလဲကျဖို့ကလွယ်ကူတယ်
အရှုံးမပေးပဲ ပြန်ထနိုင်ဖို့ကခက်တယ်...
ဘ၀မှာနေ့တိုင်းနေ့တိုင်းပျော်ပျော်ရွှင်ရွှင်နေဖို့ကလွယ်တယ်..
ဘ၀ရဲ့တန်ဖိုးကိုရှာဖွေဖို့ကခက်တယ်
တစ်စုံတစ်ယောက်ကိုတစ်စုံတစ်ခုအတွက် ကတိပေးတာက လွယ်တယ်. အဲ့ဒီကတိကိုထိန်းသိမ်းဖို့ကခက်တယ်
အရမ်းချစ်တာပဲလို့..ပြောလိုက်ဖို့ကလွယ်တယ် နေ့တိုင်းနေ့တိုင်းချစ်ပြနေဖို့ကခက်ပြန်ေ၇ာ
သူတပါးကိုအကျဥ်းထဲအကျပ်ထဲရောက်အောင်လုပ်တာကလွယ်တယ် သူ့ဘ၀ကိုတိုးတက်လာအောင်လုပ်ပေးဖို့ကခက်ပြန်တယ်
google
အမှားတစ်ခုလုပ်လိုက်ဖို့ကလွယ်တယ် အဲ့ဒီအမှားအတွက်အခြားသူဆီက သင်ယူနိုင်ဖို့ကခက်သွားတယ်
သူတပါးကိုအဆိုးမြင်ဖို့ကလွယ်လွယ်လေး သံသယအတွက်သူတို့ရဲ့ရှင်းပြတာကိုနားထောင်ပေးရတာကခက်တယ်
ယူလိုက်ဖို့ကလွယ်လွယ်လေး သင်ကိုယ်တိုင်ပေးရတော့မယ်ဆိုရင်သာခက်တာ