တစ်ထပ်တည်း ကျမနေ တတ်တဲ့
လော က ဆိုတာ ကို သိလိုက် ရချိန် မှာ
အရာရာဟာ နောက်ကျ နေပြီလို ့
ခံစားရင် ခံစားရပါ လိမ့်မယ်
တစ်ချို ့က မှားတယ် ( သို ့ ) မှန်တယ်
ဆိုတဲ့ အဖြေ ကို
ကိုယ့်စိတ် ခံစားချက် အတိုင်း
ပြောကြပါ လိမ့်မယ် ။
Google
ဒါပေမဲ့
သင် နောက်ကျရင်
နောက်ကျ သွားတာ မှန်ပေမဲ့
သင်မရှုံးသေဘူး ဆိုတာ ကို
မြဲမြဲ မှတ်ယူထား လိုက်ပါ
အဲ့ဒီလို
အသိတရားဝင်လာတဲ့ အချိန်ဟာ
သင့်အတွက် မလိုအပ်တဲ့
အိမ်မက်က လန် ့နိုးလာပြီမို ့မရှုံး သေးပါဘူး
ကိုယ် ဘာဖြစ်ချင်ခဲ့ သလဲ
ကိုယ့်ရည်ရွယ်ချက် က ဘာလဲ
ဒါတွေကို
စိတ်နောက် လိုက်ရင်း
မအောင်မြင်ခဲ့ ပေမယ့်
နောင်တ ဆိုတာ လည်း
ရစရာ မလိုပါဘူး ။
ကိုယ့် စိတ်ကူးတွေ
ဖြစ်မလာခဲ့ လို ့လည်း
စိတ်ဓါတ် ကျ မသွား ပါနဲ ့
ဒီနေ ့ဟာ မနက်ဖြန်
မဖြစ် နိုင်သလို
ကံကြမ္မာကို ကိုယ်သာ ဖန်တီး
ယူရမှာ ပါပဲ ။
လူတွေ နဲ ့ဆက်ဆံ တယ်
အများစု က ကိုယ်ပေးမှ
ပြန်ပြီး တုန် ့ပြန်တာတွေ
ကိုယ့်စေတနာကို ဥပက္ခာ ပြုတာတွေ
ကိုယ့်မေတ္တာ ကို မထီမဲ့ မြင် ပြုတာတွေ
များစွာ ကြံုလာ ရ လည်း
ကိုယ့်ဘဝ အတွက် အရေး ပါတဲ့
အရာတွေ ဖြစ်နေ ရင်လဲ
စိတ်နဲ ့လိုက်ခံစား မနေပါနဲ ့
ဒီကိစ္စ အသေးမွှား တွေထက်
ပိုအရေးကြီး တာတွေ ကိုသာ
ဆက်လုပ်ပါ ။
ကိုယ်နဲ ့ အရင်းနီှးဆံုး လို ့ခံယူထားတဲ့
သူငယ်ချင်းတွေ စွန် ့ခွာ
သွားခဲ့တယ်ဆိုရင်တောင်
ဝမ်းနည်းမနေပါနဲ ့
သူတို ့ထက် သာတဲ့
မိတ်ဆွေသူငယ်ချင်း အသစ်တွေရှာပြီး
အစားထိုး လိုက်ပါ ။
သူဟာ ကိုယ် မဟုတ်တဲ့
လောကနိယာမ ကြီးထဲမှာ
အရာရာတိုင်း လိုက်ခံစား နေရင်း
အချိန်တွေ
အဆံုးရှုံး ခံရတာလောက်
နှမှေျာ စရာ ကောင်းတာ မရှိပါဘူး ။
ပြီးသွားတဲ့
အတိတ်ကို သင်ခန်းစာ ယူပါ
အနာဂါတ်ကို ပံုဖော်ပါ
လက်ရှိဘဝကို
ကျေနပ်အောင် နေထိုင်ပါ ။
ဖြစ်ခြင်တိုင်း မဖြစ်နိုင်တဲ့ ဘဝရယ်
မဖြစ်နိုင် ရလေခြင်း ဆိုတဲ့
ဒွိဟကြားမှာ အဖြေရှာ နေမယ်ဆို
အနာဂါတ်ဟာ ပိုပြီး ခက်ခဲ
သွားစေ ပါ လိမ့်မယ် ။
ကိုယ့်အမှားလို ့ သိလိုက်ရတဲ့
အချိန်တိုင်း ဟာ
နောက်မကျ သေးဘူး ဆိုတာ
လူတိုင်း သိထား ရပါမယ်
အမှား အတွက်
ပြင်ဆင််ချိန် ရောက်ပြီလို ့
ခံယူနိုင် ရပါမယ် ။
မှားသွား ခဲ့ပြီ
နောက်ကျ
သွားပြီ ဆိုတဲ့ နောင်တဟာ
စိတ်ကို နှစ်ခါ သေစေ ပါတယ် ။
အပေါင်းသင်း မိတ်ဆွေ ဆိုတာ လည်း
ပေါင်းသင်းချိန် ကိုယ့်ကိုု လိုအပ်တယ်လို ့
သူတို ့ လက်ခံနိုင်တဲ့
အချိန် အတိုင်းတာ အထိ
ဖြူစင်တဲ့ ခင်မင်မှုနဲ ့
ပေါင်းသင်း ဆက်ဆံ ပေးလိုက်ရင်
လံုလောက် ပါပြီ
မလိုအပ် တော့ဘူးလို ့ စွန် ့ခွာသွား
ရင်လည်း အပြံု း မပျက်
ရင် ဆိုင် လိုက်ပါ ။
Google
လောကကြီး မှာ
ကိုယ်လိုခြင်တဲ့ အရာ
ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒ ဆိုတာ
တစ်ထပ်ထဲ မဖြစ်နိုင်ဘူး ဆိုတဲ့
အတွေး နဲ ့သာ ကျော်ဖြတ်နိုင် ကြပါစေ
သူငယ်ချင်း.....။