ချစ်သူတွေမှာ
ရစ်တာနဲ့ အပြစ်ရှာတာနဲ့ မတူဘူး..
ရစ်တာက အလကားနေရင်းနဲ့ လည်း
ထိုင်ရစ်နေလို့ရတယ် .. ချစ်လို့ကို တမင်ရစ်တာ
ဒါကို တစ်ယောက်နဲ့တစ်ယောက် သည်းခံနိုင်ရမယ်
အပြစ်ရှာတာကျတော့ တဖက်လူကို စိတ်မအနှောက်ယှက်
ဖြစ်စေတယ် .. အခန့်မသင့်ရင် လမ်းခွဲတဲ့အဆင့်ထိ
ရောက်သွားစေနိုင်တယ်
စိတ်ဆိုးတာနဲ့ စိတ်ကောက်တာလည်း မတူဘူး
စိတ်ဆိုးတယ်ဆိုတာ တယောက်က အပြစ်လုပ်ထားလို့
စိတ်ဆိုးတာ .. ပြန်မချော့လို့ကတော့ ပြတ်သွားနိုင်တယ်
စိတ်ကောက်တာကျ အလကားနေရင်းနဲ့ကို ဘုမသိဘမသိနဲ့
ကောက်တာ .. ချစ်လို့ကောက်တယ်ဆိုတဲ့သဘော
ဒါကျတော့ ပြန်မချော့လည်း ရတယ် အချိန်တန်ရင်
သူ့ဟာသူ စိတ်ကောက်ပြေသွားလိမ့်မယ်
မုန်းတာနဲ့ စိတ်ပျက်တာ နဲ့လည်း မတူဘူး
မုန်းတယ်ဆိုတာ စိတ်ထဲမှာရှိနေလို့ကို မုန်းတာ.. တဖက်က
ပြန်တောင်းပန်ရင် အဆင်ပြေနိုင်သေးတယ် ..
ပြန်ချစ်လာဖို့ မျှော်လင့်ချက်ရှိတယ် ..
စိတ်ပျက်တာဆိုရင်တော့ စိတ်ထဲမှာကို မရှိတော့တာ
လှည့်မကြည့်တတ်ဘူး .. အဲလိုလူကိုလည်း
သွား ပြန်မစတာ အကောင်းဆုံးပဲ
ရေးရတာ မောထှာ .. နောက်မှ ပြန်လာခဲ့မယ်
အချစ်အကြောင်းရေးရင် စိတ်မခိုင်ဘူး