ကျော်ကြားတဲ့ လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်စဉ်များ
လေယာဉ်ပြန်ပေးဆွဲတာကို ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ တွေ့မြင်ဖူးကြမှာပါ။
ဒီလို ပြန်ပေးဆွဲတဲ့ ဖြစ်စဉ်တွေဟာ ဇာတ်လမ်းအနေနဲ့ မဟုတ်ပဲ တကယ့်အပြင်မှာလည်း ဖြစ်ပွားဖူးပါတယ်။ ဒါကြောင့် ထင်ရှားတဲ့ လေယာဉ်ပြန်ပေးဆွဲမှုဖြစ်စဉ်တွေအကြောင်း ဖော်ပြပေးပါမယ်။
၁။ ကမ္ဘာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှု
ကမ္ဘာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုဖြစ်စဉ်က ၂၉၄၈ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပုဂ္ဂလိကလေယာဉ်တစ်စင်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါပေမယ့် ဒီပြန်ပေးဆွဲမှုဖြစ်စဉ်ဟာ မအောင်မြင်ခဲ့ပဲ Cathay Pacific ရေယာဉ်ပျံကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီလေယာဉ်ပျံဟာ မကာအိုနိုင်ငံပြင်ပ ပင်လယ်ပြင်ထဲကို ပျက်ကျခဲ့ပါတယ်။
၂။ အရှည်ကြာဆုံးလေယာဉ်ပြန်ပေးဆွဲမှု
ဒီဖြစ်စဉ်ကတော့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Indian Airline Flight 814 မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်ကို ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့က ထိန်းချုပ် ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အရှည်ကြာအဆုံးလေယာဉ်ပြန်ပေးဆွဲမှုဖြစ်ခဲ့ပြီး ရက်ပေါင်း ၇ ရက်လောက်ကြာမြင့်ခဲ့ပါတယ်။ လေယာဉ်ဟာ Amritsar၊ Lahore၊ Dubai နဲ့ Kandahar ဒေသတွေကို ဖြန်ကျော်သွားခဲ့ပါတယ်။
၃။ ၉/၁၁ ပြန်ပေးဆွဲမှု
ဒီဖြစ်စဉ်ကတော့ ကမ္ဘာကျော်ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်သမား ၁၉ ယောက်က အမေရိကန် လေယာဉ်တွေဖြစ်တဲ့ American Airlines Flight 11၊ American Airlines Flight 77၊ United Airlines Flight 93၊ United Airlines Flight 175 စတဲ့လေယာဉ်တွေကို ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အထင်ကရနေရာတွေကို အသေခံဝင်တိုက်ဖို့ ကြိုးစားခဲ့ကာ နောက်ဆုံးမှာတော့ နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးဌာနချုပ် (World Trade Center) တိုက်ခိုက်ဖျက်ဆီးခံရပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ပါတယ်။
၎။ D.B Cooper ရဲ့ပြန်ပေးဆွဲမှု
D.B Cooper လို့အမည်ရတဲ့ အမျိုးသားက လေယာဉ်ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ သူဟာ Boeing 727 လေယာဉ်ကို ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး လေယာဉ်က Portland၊ Oregon၊ Seattle နဲ့ Washington မြို့တွေကို ဖြတ်သန်းသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြန်ပေးဆွဲမှုအတွင်း အမေရိကန်ဒေါ်လာ ၂ သိန်း ခြိမ်းခြောက်ငွေတောင်းခဲ့ပါတယ်။
၅။ Mogadishu လေယာဉ်ပြန်ပေးဆွဲမှု
၁၉၇၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Lufthansa flight 181 က ပြန်ပေးဆွဲခံရတာဖြစ်ပြီး ပါလက်စတိုင်းစစ်သွေးကြွ ၄ ဦးက ပြန်ပေးဆွဲခဲ့တာဖြစ်ကာ ဆိုမာလီယာနိုင်ငံ၊ Mogadishu ဒေသကို ပျံသန်းစေခဲ့တာဖြစ်ပါတယ်။ ဒီပြန်ပေးဆွဲမှုဖြစ်စဉ်အတွင်း ဂျာမန်အထူးတပ်ဖွဲ့က ဝင်ရောက်ကယ်ဆယ်တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွ ၃ ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။ ဓားစာခံတွေ အသက်အန္တရာယ်မထိခိုက်အောင်လည်း တားဆီးနိုင်ခဲ့ပါတယ်။