Image Source: https://conversationswithmaria.wordpress.com/tag/hiding-behind-mask/
Image Source: https://conversationswithmaria.wordpress.com/tag/hiding-behind-mask/
လူတိုင်းကတော့ စစ်မှန်မှု ရိုးရှင်းမှုအဖြူထည်လေးများကို နှစ်သက်ကြတယ် မိမိပတ်ဝန်းကျင်မှာလည်း မိမိမပေါ်စိတ်ရင်းနဲ့ဆက်ဆံသူ. စစ်မှန်တဲ့မိတ်ဆွေ. ရိုးဖြောင့်တဲ့မိသားစုဘဝ သစ္စာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုသာလိုချင်ကြသူချည်းပါပဲ.
ဒါပေမဲ့ လိုက်လေဝေးလေ ဆိုသလို လောကရဲ့မာယာက အမှားကို မှန်လေသယောင်ယောင် ပရိယာယ် များတဲ့အရာကို ရိုးရှင်းသယောင်ယောင် . အတုအယောင် ခင်မင်မှုများကို တကယ်ပဲစစ်မှန်လေသယောင်ယောင် ဖြင့် ဟန်ဆောင်ပုံဖျက်ထားလေ့ရှိပါတယ်. ဒါကြောင့် စစ်မှန်မှု ရိုးသားဖြူစင်မှုတွေရှာနေရင်းနဲ့ သင်ကိုယ်တိုင်အမြဲတမ်း အလိမ်အညာခံနေရမှာပါ. (စာရေးသူကိုယ်တွေ့ပါ)
Image Source: Dreamstime.com
အဲလိုဟန်ဆောင်ဖုံးကွယ်ထားတဲ့ လိမ်ညာသူအချင်းချင်းကတော့ မြွေမြွေချင်းခြေမြင်ဆိုသလို မသူတော်အချင်းချင်း သတင်းလွေ့လွေ့နဲ့ အချင်းချင်းပိုမိုအစပ်အဟပ်တည့်နေလေ့ရှိကြပါတယ် အသွင်တူအိမ်သူဖြစ်ဆိုသလိုပေါ့.
ဒါပေမဲ့ လူတိုင်းဟာ ကိုယ့်အပေါ်ကျတော့မရိုးသားတာမလိုချင်တတ်ကြတဲ့သဘောအရ အဲ့လို မသူတော်အချင်းချင်း ခင်မင်မှုဆိုတာဟာလည်း အတုအယောင် သာဖြစ်လို့ ရေရှည်တည်တံလေ့မရှိပါ.
မကြာခဏဆိုသလိုထိုဟန်ဆောင်ကောင်းသူ. အပြောကောင်းသူ. လူတကာကိုအနည်းငယ် လက်တလုံးခြားလေးလှည့်ဖြားလိုက်ရမှကျေနပ်တတ်သူတွေဟာ. ရိုးသားတဲ့ စစ်မှန်မှုတွေရှာဖွေနေသူတွေကို ငတုံးငအ. အဖြစ် လှောင်ပြောင်ဟားတိုက်တတ်ကြပါသေးတယ်.
ုဒါပေမဲ့ အဲ့လိုလူတွေဟာ စစ်မှန်မှုတွေကိုလှည့်ဖျားသူများသာဖြစ်တဲ့အတွက် ဘဝတလျှောက်လုံး သူပျော်မွှေ့ရာ အလိမ်အညာ ဟန်ဆောင်မျက်နှာဖုံးများနဲ့ လူတကာ့ ယုံကြည်မှုမရခြင်း တွေကိုသာ ထာဝရပွေ့ပိုက်ထားရမယ်ဆိုတာကိုတော့ အကြင်သူတို့သိနားလည်ဟန်မတူချေ.
Image Source: http://tinhhoa.net/giai-doc-cuoc-song-de-thay-minh-hanh-phuc-hon-p1.html
(တဘဝလုံး ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ လိမ်လည်ခံရသူ၏ ရင်ဖွင့်သံတခုသာ)