Image Source: https://pixabay.com/en/child-children-girl-happy-people-group-f-817369/
မြေကြီးကိုလက်နဲ့ခက်သလို
ဧရာဝတီထဲရေစီးသလို
ဘယ်ကံကြမ္မာလေနီကြမ်းကမှ
ငါတို့တွဲလက်တွေကိုမတွန်းတိုက်နိုင်
အဲဒီလို
နင်ရယ်ငါရယ်…သေချာခဲ့တယ် ။
ငါ့ကို နင်ယုံကြည်တယ်
နင်ပြောတဲ့စကားကိုလည်း ငါ ယုံကြည်တယ်
နင်နဲ့ ငါ့ရဲ့ ချစ်ခြင်း သံသယတွေကင်းခဲ့ကြ
အဲဒီလို
နင်ရယ်ငါရယ်…သေချာခဲ့တယ် ။
မိုင်တိုင်တွေကို မရေတွက်ပဲ
တစ်ယောက်ကိုတစ်ယောက်သစ္စာတရားတွေနှင့်
သံယောဇဉ်တွေကို လုံခြုံအောင်စောင့်ထိန်းခဲ့
တနေ့မှာလက်ချင်းယှက်ပြီးရင်ချင်းထပ်မယ်
အဲဒီလို
နင်ရယ်ငါရယ်…သေချာခဲ့တယ် ။
ဘ၀ရဲ့ရှင်သန်ခြင်းကိုတောင် မ မက်စက်တဲ့ငါ
နင်နဲ့ ငါ့ကြား လေနီကြမ်းတွေခြားသွားရင်
မိုးပြိုမှာကြောက်တဲ့ယုန်သူငယ်လို
ဥာဏ်အမြော်အမြင်တွေပျောက်ကွယ်လောက်အောင်ကြောက်တယ် ။
နင်မရှိတဲ့ဘ၀က
ပန်းမရှိတဲ့ဥယျာဉ်
ဝန်ရိုးစွန်းမရှိတဲ့ကမ္ဘာ
နေ့ရက်တွေကို ဘယ်လိုရေတွက်ရပါ့
စိတ်ကူးနဲ့တင် အနာဂတ်က
ရူးသွက်ခြင်း လောင်တိုက်တွေဆီ…
ငါ့ရဲ့ ပျော်ရွှင်ခြင်းပန်းခင်းက
နင်ဖန်ဆင်းမှ လင်းပွင့်တတ်တာ
ငါ့ရဲ့ ရှင်သန်ခြင်း နှလုံးသားက
နင်ရှိနေမှခုန်လှုပ်တတ်တာနင်အသိ
ငါ့ရဲ့ အနာဂတ်တိုင်းမှာ နင်အမြဲရှိနေပေးပါ ။