Image Source: https://pixabay.com/en/klee-luck-lucky-charm-new-year-s-eve-new-587484/
ကောင်းကင်ကြီးကနားစွင့်နေလဲ
ပင်လယ်ကြီးရဲ့ရင်ခုန်သံကိုဘယ်ကြားနိုင်မလဲ
ဝေးကွာလွန်းတဲ့ ငါတို့နှစ်ယောက်ကြား
ချည်နှောင်ထားတဲ့ကြိုးတွေက
တိမ်တွေလိုမခိုင်မြဲတာ
ကံကြမ္မာကြောင့်လို့ပဲပြောမလား……..
နင့်အတွက်…
အိုအေစစ်လေးတစ်ခုဖြစ်ချင်ပေမယ့်
ပူပြင်းလွန်းတဲ့ ကံကြမ္မာအောက်
ငါ့အချစ်တွေမစိမ်းလန်းနိုင်တာ
နင့်ရဲ့အချစ်ဆိုတဲ့ရေကြည်တစ်ပေါက်
ရောက်မလာလို့ဆိုပြီး
အပြစ်မဖို့ချင်ဘူး……….
ဘယ်လောက်ကြိုးစားစား
အရာမထင်တဲ့ငါ
ကောင်းကင်မှာပျံသန်းလို့
တောင်ပံရာ မကျန်ခဲ့တာကို
စိတ်နာလို့မှမရတာ………
နောက်ဆုံးတော့
မလွဲသော်ကန်ရာရှိ
ကံတရားဆိုတာကြီးကိုပဲ
အပြစ်ဖို့လိုက်တော့မယ်
ငါ့အချစ်တွေ အသုံးမကျတော့တဲ့အခါ
နင်တစ်ယောက်ပျော်နေနိုင်မှာပါ…………