Image source - https://pixabay.com/en/beach-dawn-dusk-ocean-sea-seascape-sun-s-1867285/
နေဝင်ဆည်းဆာချိန်မှာ
ချစ်သူနှစ်ဦး လက်တွဲ
ဘဝကျော်ဖြတ်ဖို့ အားခဲနေခဲ့တယ်…
ခိုင်ခိုင်မြဲမြဲ နှလုံးသားထဲက
ချစ်မဝတဲ့ စကားတွေ
ရင်တွင်းဖြစ်အဖြေ သက်သေထူလို့…
ဆန္ဒနဲ့ထပ်တူထပ်မျှ
အနမ်းမွမွမှာပဲ
လောကကြီး ငြိမ်းချမ်းဆဲပေါ့…
အပြန်အလှန် နုတ်ဆတ်
ဖက်တွယ်ထားတဲ့လက်
ပုခုံးထက်ဝယ် လွှတ်ရခက်ခဲတယ်…
ကျောပေးရင်းပြန်
ရင်ခုန်သံ မရပ်မနား
ထွက်သွားဖို့ လေးလံနေမိ…
ဆည်ဆာရယ်
ချစ်စရာလေးတွေ မှတ်ထားပေးပါ
အလွမ်းပြေ ပြန်လာကြည့်ချင်လို့ပါကွယ်…