သူငယ်ချင်းအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ.
အခုကျွန်တော်တင်ပြချင်တာကတော့ ယခင် နေ့က နိဒါန်း Post တင်ပေးပြီးသားဖြစ်တဲ့ steemit ပေါ်တွင် ရင်းနှီးမြှုပ်နှံမှုအကြောင်းလေးပဲဖြစ် ပါတယ်ဗျာ။
ကျွန်တော်သည်လည်း ယခုမှ စလုပ်ကာစ လူသစ်လေးတစ်ယောက်သာဖြစ်တဲ့အတွက် သူငယ်ချင်းတို့ သိပြီးသားအချက်အလက်များပါခဲ့ရင်လည်း ကျော်ဖတ်သွားပါရန်နှင့် အမှားတစုံတရာပါရှိခဲ့လျှင်လည်း ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါတယ်ဗျာ....
Steemit ပေါ်တွင် ရင်းနှီးမြှုပ်နှံကြမယ်...
ပုံမှန်အားဖြင့်တော့ အပေါ်ယံကြည့်ရင် steemit မှာ စာကောင်းကောင်းရေးရုံနဲ့ upvote များများရမယ်။ dollar တွေ များများရလာမယ် စသဖြင့် ပေါ့ဗျာ အဲ့လိုနဲ့ပဲ အောင်မြင်လာလိမ့်မယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ စိတ်ကူးထဲကအတိုင်း ထင်သလောက်မလွယ်ကူတာကိုတွေ့ရပါလိမ့်မယ်။
အဖွဲ့အစည်းလည်းမရှိ၊ follower လည်းများများစားစားမရှိ၊ မိမိ တင်သမျှ post မှာ ရမဲ့ upvote ဟာလည်း 0.01, 0.02$ မျှသာ တက်နေ သည့် အခြေအနေတွင် မည်သို့မျှ ရပ်တည်လို့ အဆင်မပြေတာကိုလက်တွေ့လုပ်ဖူးသူများသိမှာပါ။
Esteem, minnowsupport, broadcast အစရှိသည့် free upvote များ သည်လည်း အချိန်ပြည့် upvote ရသည်မဟုတ်သော ကြောင့် စီးပွားဖြစ် လုပ်ကိုင်ရန်မဖြစ်နိုင်သေးပါ။
ဒါကြောင့် ငွေအရင်းအနှီးအနည်းငယ် ထည့်ပြီး ထိုအရင်းအနှီးအချို့မှ အမြတ်ငွေဖြင့် power တင်မည်ဆိုပါက ကျွန်တော်ယခုတင်ပြ မည့် နည်းလမ်းများသည်လည်း အသုံးဝင်မည်ဖြစ်ပါသဖြင့် တင်ပြလိုက်ရပါတယ်ဗျာ.။
(၁) Paid Upvote Bot များ အသုံးပြုခြင်း
Upvote bot များသည် မိမိတို့ထံမှ အခကြေးငွေရယူပြီး ထိုယူသည့် ငွေပမာဏ၏ 1.8 ဆ မှ 4 ဆ အထိ လာရောက် vote ပေးသဖြင့် ထို upvote bot များကို ပိုင်ပိုင်နိုင်နိုင်အသုံးချတတ်ပါကလည်း ရင်းနှီးမြှုပ်နှံမှု မှ အမြတ် ထုတ်ယူခြင်း တစ်မျိုးပင်ဖြစ်ပါသည်။
Upvote bot များတွင် fixed bot နှင့် bid bot ဟူ၍ နှစ်မျိုးနှစ်စားရှိလေရာ တမျိုးနှင့်တမျိုး အလုပ်လုပ်ပုံချင်းမတူညီပါ။
Fixed bot များသည် မိမိ ပေးပို့မည့် ငွေပမာဏ ၏ 1.8 ဆ၊ 2.1 ဆ၊ 2.3ဆ စသဖြင့် သူတို့သတ်မှတ်နှုန်းထားအတိုင်း အတိအကျ ပြန်လည် upvote ပေးကြသည်ဖြစ်ရာ ထို fixed bot များ ထံသို့ ငွေမည်မျှ ပို့ပါက မည်မျှ လာ vote မည်ကို ကြိုတင်ခန့်မှန်းသိရှိနိုင်ပါသည်။ ထို့ကြောင့် ထို bot များ၏ upvote ပြန်ပေးမည့် ပမာဏအားတွက်ချက်၍ မြတ်မည်ဆိုပါက စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။
ကျွန်တော် သိရှိရသလောက် Fixed upvote bot အချို့မှာ - ,
,
,
,
,
,
တို့သည် fixed bot အမျိုးအစားများဖြစ်ပါသည်။ အသုံးမပြုခင် ထို bot များ၏ instruction ကို သက်ဆိုင်ရာ steemit profile တွင် ၀င်ရောက်လေ့လာကာ ငွေပမာဏ အနည်းငယ်မှ စ၍ စမ်းသပ်လုပ်ကိုင်စေလို ပါသည်။
Bidbot များတွင် 2.4 hr တ round နှုန်းဖြင့် တနေ့လျှင် (၁၀)ကြိမ် (100% voting weight upvote) အား ပြန်လည်ခွဲဝေပေးသည့် လေလံစနစ် bot များနှင့် 270 seconds တစ် round နှုန်းဖြင့် တစ်နေ့လျှင် (၃၂၀)ကြိမ် (3.13% voting weight upvote) အား ပြန်လည်ခွဲဝေပေးသည့် လေလံစနစ် bot များဟူ၍ နှစ်မျိုးရှိပြန်ပါသေးသည်။
အဆိုပါ bot များအသုံးပြုရာတွင်မူ https://steembottracker.com သို့ သွားရောက်လေ့လာကာ မည်သည့် bid bot သည် မည်သည့် အချိန်တွင် တ round ပြည့်မည် ကိုလည်းကောင်း၊ မည်သည့် ငွေပမာဏ အနည်းဆုံးလက်ခံပြီး မည်သူတွေ မည်မျှ ၀င်ရောက် bid ထားသည် ကိုပါ တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို သို့ steembottracker တွင် bid bot ကြည့်နည်းသည် အကြည့်မတတ်လျှင် ဆုံးရှုံးမှုများ နှင့် တွေ့ကြုံနိုင်သည်ဖြစ်သဖြင့် အနည်းဆုံးငွေပမာဏမှ စတင်လုပ်ကိုင်စေလိုပါသည်။
2.4 hr bid bot အချို့မှာ ,
,
,
,
စသည်တို့ဖြစ်ပြီး
270 sec bid bot အချို့မှာ ,2,3,4,5 ,
,
စသည်တို့ဖြစ်ပါသည်။ ဖော်ပြပါ bid bot များ၏ list အပြည့်အစုံကိုမူ steembottracker.com တွင်သွားရောက်လေ့လာနိုင်ပါသည်။
ယခုpost တွင်မူ အသုံးပြုနည်းများ အသားပေးဖော်ပြ ခြင်းမဟုတ်ပဲ ရင်းနှီးမြှုပ်နှံမှု Plan ပိုင်းဆိုင်ရာကိုသာ အသားပေးဖော်ပြလိုပါသဖြင့် အသုံးပြုနည်း အပိုင်းများကို ကျော်ရေးသွားပါမည်။ နောက်မှအလျဉ်းသင့်သလို အသေးစိတ်ပြန်လည်ဖော်ပြပေးသွားပါမည်။
Voting bot များတွင်ရင်းနှီးမြှုပ်နှံခြင်း Plan
Voting bot များတွင် မိမိပို့သည့် ငွေပမာဏထက် 2.2 ဆ နှင့်အထက် လာရောက် vote ပေးလျှင် မြတ်သည်ဟု ယူဆရပြီး 2 ဆနှင့် အောက် လာရောက် vote ပါက ရှုံးနိုင်သည်ဟု ယူဆရပါသည်။ (steem ပေါက်ဈေး အတက်အကျ ပေါ်မူတည်၍ reward ခွဲဝေမှု မတူသဖြင့် ကာလအလျောက် အပြောင်းအလဲတချို့ရှိနိုင်ပါသည်။)
သို့ရာတွင် fixed bot, bid bot များ သုံး၍ မိမိအရင်း၏ 2.4 ဆ upvote ရအောင် လုပ်နိုင်မည်ဆိုပါက voting bot ဖြင့် လစဉ်အမြတ်ရယူနိုင်ပါသည်။ အောက်တွင် ဥပမာဖြင့်ရှင်းလင်းပေးပါမည်။
ဥပမာ-
လတစ်လ၏ အစတွင် သင်သည် 10SBD (33.3 USD) ရင်းနှီး၍ တစ်နေ့ post တစ်ခုတင်ပြီး voting bot များတွင် ရင်းနှီးကာ 2.4 ဆ ရအောင် ပုံမှန် bot နိုင်မည်ဆိုပါစို့။
Steem ဈေးနှုန်း တည်ငြိမ်ပါက အောက်ပါအတိုင်း အမြတ် ပြန်လည် ရရှိမည်ဖြစ်သည်။
- Steem ပေါက်ဈေး = 3.94 USD
- SBD ပေါက်ဈေး = 3.33 USD
- ရင်းနှီးငွေ = 10 SBD (33.3 USD)
- bot အသုံးပြုရက်ပေါင်း = 28 days
- Reward အားလုံးပြန်ရမည့်ရက် = after 35 days
- ပြန်ရမည့် SBD = 6.562 SBD (21.85 USD)
- ပြန်ရမည့် SP = 7.851 SP (30.93 USD)
- စုစုပေါင်း အမြတ် (USD) = (19.48 USD)
- အမြတ် ရာခိုင်နှုန်း = 58.49%
အသေးစိတ်တွက်ချက်မှုကို အောက်ပါပုံတွင်ကြည့်ပါ.
ပြင်ပလောကတွင် ငွေတိုးချေးစားလျှင် တလလျှင် 10% 15% သာရရှိပြီး အာမခံချက်လည်းမရှိပါ။
ထိုသို့ဆိုလျှင် steemit တွင်ရင်းနှီးတာကရော အာမခံချက်ရှိပါသလားဟု ဆိုလာလျှင်အွန်လိုင်းအလုပ်ဖြစ်၍် အထူးသဖြင့် ဈေးအတက်အကျ ကြမ်းသော crypto ငွေကြေးပေါ်တွင်ရင်းနှီးရခြင်းဖြစ်၍ ကျိန်းသေပေါက်မြတ်မည်ဟု အာမမခံနိုင်ကြောင်း ပြန်ဖြေရပါလိမ့်မည်.
သို့ရာတွင်steemit တွင်မူ မည်မျှ လုပ်လျှင် မည်မျှ ရမည်ကို ခန့်မှန်း၍ ရနိုင်သဖြင့် လုပ်ရင်းလုပ်ရင်း ပိုမိုနားလည်လာမည်ဖြစ်ပါသည်. 2.4x upvote ပမာဏသည်လည်း လက်ရှိ voting bot လောကတွင် ရယူရန် ခဲယဉ်းသည်မဟုတ်သော ပမာဏဖြစ်ပါသည်. ထို့ကြောင့် လူတိုင်းနီးပါးလုပ်နိုင်မည်ဟုယုံကြည်မိပါသည်.
Steem ဈေးကျသောအခါတွင် USD အားဖြင့် တွက်လျှင် အရှုံး ရှိလာနိုင်သော်လည်း SBD, SP ပမာဏ ဖြင့် တွက်ပါလျှင် လစဉ်ပုံမှန်တိုးပွားနေသည်ကိုတွေ့ရပါမည်။
ဈေးတက်ခြင်း ကျခြင်း ကြောင့် အရှုံး/ အမြတ် ဖြစ်ပေါ်သည် ဆိုသည်မှာ steemit လုပ်ကိုင်သူများအပေါ်တွင်သာ သက်ရောက်နေသည်မဟုတ်ပါ။ crypto currency နှင့် ဆက်နွယ်၍ လုပ်ရသော လုပ်ငန်းတိုင်းတွင် ရှိသည်ဖြစ်၍ ဈေးအတက်အကျ သည် exchange လုပ်ကိုင်သူများရော ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင် သူများ အားလုံး ကြုံတွေ့ကြရမည်ဖြစ်သဖြင့် ဈေးတက်ခြင်းကျခြင်းအကြောင်းကို ထည့်မတွက်ပေးတော့ပါ။
အချုပ်ဆိုရသော် voting bot ဖြင့် ရင်းနှီးမြှုပ်နှံရာတွင် လက်ရှိပေါက်ဈေးများအရတွက်ကြည့်ပါလျှင် 2.4 x upvote ရအောင် 28 ရက် bot နိုင်ခဲ့လျှင် 58.49% မြတ်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
မှတ်ချက်။ ။ကျွန်တော်သိရှိသမျှ လေးအား ပြန်လည်တင်ပြခြင်းဖြစ်၍ တကယ့်လက်တွေ့တွင်မူ မိမိဘာသာ ချိန်ဆ၍ လိုအပ်သလို အသုံးချကြပါကုန်။
နောက်နေ့များတွင် တွင် voting share တွင်ရင်းနှီးမြှုပ်နှံခြင်းနှင့် steem power lease ၍ ရင်းနှီးမြှုပ်နှံခြင်းများအကြောင်း ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ။
ဝေဖန် အကြံပြု ဆွေးနွေးခြင်းများကို comment တွင်လွတ်လပ်စွာ ရေးသားနိုင်ပါတယ်ခင်ဗျာ.
Steemit အဖွဲ့သားအားလုံး ကျန်းမာချမ်းသာပြီး အောင်မြင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ.
အပိုင်း (၂) ဆက်ပါဦးမည်.