အချိန်ကိုက် ယူနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဖန်ပြွန်သန္ဓေ တည်ခြင်းဟာ စိတ်ပင်ပန်းရတဲ့အတွက် စိတ်ဖိစီးမှု များနေတဲ့အချိန်တွေ၊ အလုပ်အကိုင် အဆင်မပြေတဲ့အချိန်တွေမှာ မယူသင့်ပါဘူး။ အကယ်၍ အထက်လူကြီးနဲ့ ပြောရဆိုရ အဆင်ပြေရင် အလုပ်မှာ စိတ်ဖိစီးမှုနည်းအောင်နဲ့ ဆေးရုံ၊ ဆေးခန်းတွေ မကြာခဏ သွားရတဲ့အခါမျိုးမှာ အဆင်ပြေအောင် ကြိုတင်ညှိနှိုင်း လုပ်ကိုင်ဖို့ အရေးကြီးပါတယ်။
အားပေး နှစ်သိမ့်ပေမယ့်သူတွေလည်း လိုအပ်ပါတယ်။ ဖန်ပြွန်သန္ဓေတည်ဖို့ ကြိုးစားတဲ့အခါ အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ တွန်းအားပေး၊ နှစ်သိမ့်ပေးဖို့ မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေ လိုအပ်လှပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားရင်း စိတ်ပင်ပန်းရသလို သန္ဓေတည် အားဆေးတွေဟာလည်း စိတ်ခံစားမှုကို ကမောက်ကမ ဖြစ်စေနိုင်တာကြောင့် အားပေးတတ်တဲ့လူတွေ ဝန်းရံနေဖို့ အရေးကြီးပါတယ်။
ဒါ့အပြင် အင်တာနက် လူမှုကွန်ရက်တွေမှာ မိခင်လောင်းတွေကို စိတ်ခွန်အားပေးတဲ့အဖွဲ့တွေ ရှိတာကြောင့် ဆက်သွယ်နိုင်ပါတယ်။5. အကောင်းမြင်ပါ။ ဒါပေမဲ့ အမှန်တရားကိုလည်း မျက်ကွယ်မပြုပါနဲ့။ အသက် 35 နှစ်အောက် အမျိုးသမီးတွေမှာ သဘာဝနည်းအရသော် လည်းကောင်း၊ ဖန်ပြွန်သန္ဓေ စတဲ့ ပြင်ပနည်းလမ်းတွေနဲ့သော် လည်းကောင်း၊ သန္ဓေတည် အောင်မြင်နှုန်း များပေမယ့် အသက် 35 နှစ်ကျော်သူတွေမှာတော့ အနည်းငယ် ခက်ခဲလာပါတယ်။ ဒါကြောင့် ဖန်ပြွန်သန္ဓေတည်ဖို့ ကြိုးစားတဲ့အခါ အကောင်းမြင်စိတ် ထား,ထားသင့်ပေမယ့် သားသမီးရတနာ ရဖို့အတွက် အသက်၊ ကိုယ်အလေးချိန်၊ လူနေမှုပုံစံနဲ့ ကျန်းမာရေးတို့ အပေါ်မှာလည်း မူတည်နေတယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့် ကလေး ယူချင်သူတွေဟာ အသက် 30 ကျော်တာနဲ့ ခင်ပွန်းရော ဇနီးပါ မျိုးဆက်ပွား ကျန်းမာရေး ကောင်း၊ မကောင်းကို စစ်ဆေးကြည့်ရှုသင့်ပါတယ်။