ဒီတစ်ပတ်ရဲ့ Movie Review ကဏ္ဍမှာတော့ အမေရိကန် သိပ္ပံအက်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားအမည်ကတော့ Pacific Rim:Uprising ဖြစ်ပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ Pacific Rim ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် ကွဲပြားတဲ့တင်ဆက်မှုတွေ ပါဝင်ပါတယ်။
ဒီဇာတ်လမ်းကတော့ ကမ္ဘာမြေကို အုပ်စိုးဖို့ ကြိုးစားနေတဲ့ Kaiju လို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေကို တိုက်ခိုက်ပြီး ကာကွယ်ဖို့ ကြိုးစားတဲ့ Jake Pentecost တို့ရဲ့ အကြောင်းကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားအတွင်းမှာ ပြောင်မြောက်လှတဲ့ ကွန်ပျူတာအထူးပြုလုပ်ချက်တွေ၊ သတ္တဝါဆန်းကြီးတွေနဲ့ Jake Pentecost တို့တစ်တွေ တိုက်ခိုက်မှု ဇာတ်ကွက်တွေကို များပြားစွာမြင်တွေ့ရမှာဖြစ်ပါတယ်။
သတ္တဝါဆန်းကြီးတွေရဲ့ လက်ထဲကနေ ကမ္ဘာကြီးကို ဘယ်လိုကာကွယ်သွားမလဲဆိုတာကိုလည်း ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂ဝ၁၈ မတ်လ ၂၃ ရက်က စတင်ကာ အမေရိကန်မှာ ရုံတင်ပြသနေပြီဖြစ်ပြီး ပြည်တွင်းမှာလည်း မကြာခင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
ဇာတ်ကားကြာချိန်ကတော့ ၂ နာရီ နီးပါး ကြာမြင့်ပါတယ်။ ဇာတ်ကားအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ အသုံးပြုရိုက်ကူးခဲ့ပြီး လက်ရှိအချိန်အထိ ရုံဝင်ငွေ သန်း ၁၇၇ ကျော် ပြန်လည်ရရှိပြီးဖြစ်ပါတယ်။ ဒါရိုက်တာ Steven S.DeKnight က ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး John Boyega၊ Scott Eastwood၊ Jing Tian၊ Cailee Spaeny စတဲ့ သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။